Epi 8: Heart

3.2K 222 185
                                    

(🆉)

"ကိုယ် ဒီနေ့သွားစရာရှိတာ မင်းကိုပါခေါ်ချင်ပေမဲ့ မနက်ဖြန်မှပဲ သွားတော့မယ် "

"ဘယ်ကိုလဲ "

"မင်းပျော်သွားမဲ့နေရာလေးပေါ့ "

"စိတ်ဝင်စားနေပြီ "

ထယ်ယောင်းစကားကို ဂျောင်ကုက ပြုံးပြီး ​ခေါင်းကိုဖွဖွပွတ်သပ်သည် ။ ​​ဂျောင်ကုအပြုံးက ထယ်​ယောင်း ရင်ထဲကို အေးချမ်းစေတာအမှန် ။

ပုံမှန်အချိန်ဆို ဖိုးပြုံးချိုဖြစ်သလောက် သဝန်တိုတဲ့အချိန်နဲ့ အတူနေတဲ့အချိန်ဆိုရင်တော့ သားရဲတစ်ကောင်လို ပြောင်းလဲသွားတတ်သည် ။ ထယ်ယောင်း အဲ့အချိန် နည်းနည်းလေးကြောက်စိတ်ဝင်ပေမဲ့ ကြိုက်တဲ့စိတ်ကပိုများနေခဲ့တာ ။

အိပ်ရာပေါ်မှာပဲ မှောက်လျက်ကြီးနေနေရတဲ့ ထယ်ယောင်းကို ဂျောင်ကုကစိတ်မကောင်းဖြစ်လျက်ကြည့်သည် ။

"ကိုယ်တောင်းပန်ပါတယ် ကိုယ်ကမလျော့ဘူးဆိုရင် တကယ်လည်းထိန်းမရတာမလို့ "

"ကျွန်တော် သားသတ်ရုံတောင်ရောက်သွားတယ်ထင်တာ "

"မင်း ကြိုက်တာခိုင်းပါ မင်းဘာစားချင်လဲ စားချင်တဲ့အစားအသောက်ကို ကိုယ်ချက်ကျွေးမယ် မင်းဘယ်တွေကောသွားချင်လဲ နောက်နေ့တွေ ကိုယ်လိုက်ပို့မယ် မင်းကိုယ့်ကို ဘာလုပ်ခိုင်းချင်လဲ မင်းအဝတ်အစားတွေ ဖိနပ်တွေလည်း လျှော်ဖွတ်တိုက်ချွတ်ပေးမယ် မင်းကိုယ့်ကို က ခိုင်းရင်တောင် ကိုယ်ကြိုးစားကြည့်ပါမယ် "

ကြိုးစားပန်းစားချော့နေတာကိုမြင်တော့ ထယ်ယောင်း ရင်ထဲနွေးသွားသည်။

မျက်နှာငယ်လေးနဲ့ကြည့်နေတာကြောင့် ထယ်ယောင်းရယ်လိုက်မိပြီး ပြောသည်။

"အဲ့လောက်ကြီးမလိုပါဘူး ဂျောင်ကုရဲ့ "

"ဒါဖြင့် ဘာခိုင်းချင်လဲ "

"တကယ်တော့ ကျွန်တော်လုပ်ခိုင်းစေချင်တာ တစ်ခုရှိတယ် "

"ဘာများလဲ "

"ကျွန်တော့်ကို Rain နဲ့ Michael Jackson ပေါင်းစပ်ထားသလို Vibeလေး Rainism အကကို ကပြန်ပါလား Michael လို

Forever Partner {Completed}Where stories live. Discover now