Epi 24: Plan

2.1K 176 51
                                    

(🆉)

"ဂျောင်ကု! နိုးပြီလား! "

"အော...ဖြေးဖြေးအော်လည်းရပါတယ် "

ဂျောင်ကုရင်ဘတ်​ပေါ်​မှောက်အိပ်​နေတဲ့ ထယ်​ယောင်းက ဂျောင်ကုနိုးလာတာကိုမြင်လျှင် အသံပြဲကြီးနဲ့အနီးကပ်အော်တာကြောင့် ဂျောင်ကုမျက်နှာတွန့်သွားရတာဖြစ်တယ် ။

ထယ်​ယောင်း ​ဂျောင်ကု​ဘေးက​နေ တစ်လက်မလေးတောင်မခွာရသေးဘူး။ အဖိုးလာခွာတာကိုလည်း အတင်းဖက်ကုပ်​နေလို့ နားရွက်လည်းအဆွဲခံရပြီးပြီ ။

ဂျောင်ကု မျက်နှာကိုကိုင်ကြည့်တဲ့ထယ်ယောင်းက ဖျော့နေတဲ့ဂျောင်ကုမျက်နှာအရောင်ကြောင့် ရင်ထဲမကောင်း ။ အထိုးခံထားရတဲ့နေရာလေးကိုစိတ်မကောင်းစွာပွတ်သပ်ပေးနေလျှင် ဂျောင်ကုက ထိုးလက်ဖဝါးလေးပေါ်ပါးပြင်နဲ့ဖိအပ်လိုက်၏။

"အများကြီး ပင်ပန်းသွားပြီ "

ပါးပြင်ပေါ်ကိုအနမ်းနုနုပေးလိုက်ပြီး ပြောတဲ့စကားတစ်ခွန်း ။

"ထယ်ထယ် ကိုယ့်​ပေါင်​ပေါ်ထိုင် "

ထိုင်ခိုင်းတဲ့သူကထိုင်ခိုင်းမှတော့ ထယ်ယောင်းလည်းထိုင်လိုက်သည် ။

"ကိုယ့်ထယ်ထယ် နေကောင်းလား "

"ကောင်းတာမှ ဂျောင်ကုအခုချက်ချင်း Fuckပေးရင်တောင်ရတယ် "

"ဟဟ ထယ်ထယ်ကကွာ "

"ဂျောင်ကုနေမကောင်းတော့ ယောက်ဖကလည်း ငြိုးသွားပြီးဖျားနေတာ ထယ်ဖြင့်စိတ်တောင်မကောင်းဘူး "

"ကိုယ့်အသဲလေးမျက်နှာကိုမြင်လိုက်ရတော့ နေမကောင်းတာတွေပျောက်ပြီ "

ဖောင်းအိအိပါးပြင်လေးကို လက်နဲ့ဆွဲပြီးပြောတော့ မျက်နှာနုနုလေးက ပြုံးတုန့်တုန့် ။

"ပါးပါးတို့ ရောက်နေတယ် အဖိုးဆီကိုလည်း အားနာပြီး တောင်းပန်နေတာ နောက်ရက်ကြမှ မင်္ဂလာကိစ္စကိုသေချာလေး ဆွေးနွေးကြမယ်တဲ့ "

"ဟုတ်လား...Appa တို့အဆင်ပြေရဲ့လား "

"နှစ်ယောက်လုံး ဂျောင်ကုကိုကြည့်ပြီး ငိုသွားတယ် "

Forever Partner {Completed}Where stories live. Discover now