Chapter 74ရှုရှင်းချန်က အိပ်ရာရှိသည့်နေရာသို့ တည့်တည့်လျှောက်လာသည်။
အခန်းထဲဝင်လာစဉ်တွင် ဗလာကျင်းနေသည့် ခုံရှည်ကိုတွေ့လိုက်ရ၍ ဓားကိုပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ ထို့နောက် အိပ်ရာဘေးမှ ကန့်လန့်ကာပေါ်တင်ထားသည့် အဖြူရောင်အတွင်းဝတ်ရုံကိုမြင်လိုက်ချိန်တွင် အလွန်ဒေါသထွက်လာသောကြောင့် ဓားဖြင့်ခုတ်ပိုင်းချပစ်လိုက်သည်။
ဒုန်း...
ကန့်လန့်ကာက နှစ်ခြမ်းကွဲသွားပြီး မြေပြင်ပေါ် ဒုန်းခနဲကျလာ၍ အိပ်ရာပေါ်မှမြင်ကွင်းကို သူတွေ့လိုက်ရသည်။
အိပ်ရာခေါင်းရင်းကို မှီနေပြီး အင်္ကျီရင်ဘတ်ကိုလည်း လှစ်ဟထားသည် ဆံပင်များကို ကျောက်စိမ်းသရဖူဖြင့် စုချည်ထားကာ အနက်ရောင်ဝတ်ရုံဝတ်ထားသည့် အမျိုးသားက မျက်ခုံးအသာပင့်လိုက်သည်။
ညစ်ညမ်းသောလက်တစ်ဖက်က သူ့အစ်ကိုတော်၏ နှင်းသဖွယ်ဖြူဖွေးသော ခါးပေါ် ကျရောက်နေသည်။
ဟမ်...
ရှုရှင်းချန် တစ်ခဏတာ အေးခဲတောင့်တင့်သွားသည်။
စောင်ပေါ်တွင် လက်ဖဝါးခန့်အရွယ်ယုန်လေးက လက်နှစ်ဖက်ကိုဖြန့်ကာ ခေါင်းစောင်းပြီး သူ့ကိုစိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် ကြည့်နေသည်။
" မင်း ဘာဖြစ်နေတာလဲ... ငါ့အခန်းထဲကို ညနက်သန်းခေါင်ကြီးဝင်လာပြီးတော့ လူသတ်မယ့်ရုပ်ကြီး ဖြစ်နေပါလား... ငါ့တပည့်က ငါ့ကိုနှိပ်ပေးနေတာလေ..."
နှိပ်ပေးနေတာလား...
ရှုရှင်းချန်၏မျက်နှာက ပြာတစ်လှည့်ဖြူတစ်လှည့် ဖြစ်လာသည်။
" ဒါပဲ လုပ်နေကြတာလား..."ရှန်းလျိုရှန့်၏မျက်လုံးထဲတွင် ? များစွာပေါ်လာသည်။
နှိပ်တာကလွဲပြီး ငါတို့က ဘာလုပ်ရဦးမှာလဲ...ကျိုးရွှမ်လန်၏ မျက်နှာထက်တွင်လည်း စိတ်ရှုပ်ထွေးမှုများ တွေ့ရမည်အထင်ဖြင့် သူ တစ်ဖက်သို့လှည့်ကြည့်လိုက်သည်။ သူတို့တစ်ယောက်နှင့်တစ်ယောက် ကြောင်အအကြည့်နေမိကြပြီး တူညီသောမေးခွန်းကို မေးကြမည်သာဖြစ်သည်။
![](https://img.wattpad.com/cover/352029929-288-k268155.jpg)