မောင်....ညို့ဘဝထဲဝင်လာခဲ့တာ ညို့အသက်ဆယ့်ရှစ်နှစ်တုန်းက.....၊ အဲ့တုန်းကမောင့်အသက်က ဆယ့်ခြောက်နှစ်စွန်းစွန်းပဲရှိမှာပေါ့.....၊ မောင့်ပုံစံကမြင်ကတည်းက တည်ငြိမ်လွန်းလှတာမို့ ညိုတော်ရုံစကားတောင်စမပြောရဲ.....။
"ဆရာက......မွေးနေ့လက်ဆောင်ပေးခိုင်းလိုက်လို့........"
ညို့လက်ထဲကိုဖဲကြိုးချည်ထားတဲ့ စက္ကူဘူးလေးတစ်ခုရောက်လာပြီး ဖွင့်ကြည့်လိုက်တော့ အထဲမှာအနီရောင်ဒေါက်ဖိနပ်လေး...၊ နောက်ပြီးပို့စ်ကဒ်လေးတစ်ခုပါသေးသည်၊ အထဲမှာရေးထားတာက "ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ....၊ သမီးလေးရဲ့အသက်ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့မှာ ဖေဖေရှိနေမပေးနိုင်လို့ တောင်းပန်ပါတယ်.......၊"
ဘာကြောင့်မှန်းမသိ ဒီစာလေးဟာညို့ရင်ကို တစ်နည်းနဲ့တစ်ဖုံလှုပ်ခတ်စေခဲ့သည်။ မှတ်မိပါသေးသည်၊ အဲ့ဒီနေ့ကညိုကလေးတစ်ယောက်လိုအော်ငိုမိတာ.....ဝမ်းသာစိတ်ကြောင့်လား......၊ နည်းနည်းလေးအရေးပါတယ်လို့ ခံစားရလို့လားမပြောပြတတ်.......။
မောင်ဟာချုံးပွဲချငိုကြွေးနေတဲ့ညို့ဘေးနားမှာ အချိန်အကြာကြီးရှိနေပေးခဲ့သည်။ သူ့ရဲ့စကားလုံးတိုင်းက ဂရုစိုက်ကြင်နာမှုတိုင်းက ညို့အတွက်တော့အထူးအဆန်းဖြစ်ကာ အမြဲတမ်းနွေးထွေးခဲ့ရသည်။ ဒီလိုနဲ့မောင်နဲ့တွေ့ပြီးလေးနှစ်အကြာမှာ ညိုတို့စတွဲဖြစ်ခဲ့သည်။ မောင်ကဝန်ခံတယ်လေ.......၊ သူညို့ကိုချစ်မိနေတာကြာပြီတဲ့.........။ တစ်ခါတစ်လေမှာတော့မောင်ကနွေးထွေတတ်သလောက် ရက်ရက်စက်စက်ပြတ်သားတတ်သည်။ အခုဆိုညို့ကိုအဆက်အသွယ်မလုပ်တာ သုံးရက်ရှိပြီလေ.........။ ညို့စိတ်တွေကခန္ဓာနဲ့ကပ်လိုက်မကပ်လိုက်နဲ့ အရူးတစ်ပိုင်းလောင်မြိုက်နေရကာမှ မောင်ဟာညို့ဘဝအပေါ် ဘယ်လောက်ထိလွှမ်းမိုးမှုရှိနေခဲ့သလဲ သတိထားမိရသည်။ မောင်ဟာသူမရှိရင်ညို့ဘဝကြီး ဆောက်တည်လို့မရဖြစ်အောင် ညို့ကိုသူ့အပေါ်မှီခိုစေခဲ့တာ.........။
ဒါပေမဲ့အခုညို့ရှေ့မှာရပ်နေတဲ့သူကတော့ မောင်နဲ့လုံးဝကိုကွဲပြားတဲ့လူမျိုးပဲ.......။ အန္တာရယ်တောထဲရောက်နေတဲ့အချိန် ရှေ့ကနေမားမားမတ်မတ်ရပ်တည်ပေးတာမျိုးထက် လက်နက်တစ်ခုပေးပြီး တိုက်ခိုက်စေ တဲ့လူမျိုးပေါ့.......။
YOU ARE READING
မိန်းမတစ်ယောက်ရဲ့ဖြစ်တည်မှု
Romance(Unicode+Zawgyi) ကျွန်မဘဝမှာပြောင်းလဲလို့မရတဲ့အရာတစ်ခုကြောင့် တစ်ဘဝလုံးသိမ်ငယ်ပြီးနေလာခဲ့ရတယ်...၊ ဒါပေမဲ့ ကျွန်မဘာများတတ်နိုင်မှာမို့လဲ...၊ ကိုယ်တိုင်မလုပ်ခဲ့တဲ့အမှားတစ်ခုအတွက် လူတိုင်းကိုတောင်းပန်စရာမလိုဘူးလို့ကျွန်မထင်တယ်...၊ ကျွန်မရဲ့ဘဝဟာ ဒီအတို...