ကျေးဇူးတင်စကား Zawgyi

61 2 0
                                    

ကျွန်မဒီဝတ္ထုကိုရေးနေခဲ့တုန်းက စိုးရိမ်စိတ်လေးနည်းနည်းရှိခဲ့သေးတယ်၊ ၁၉၃၀ ကျော် မြန်မာနိုင်ငံအခြေအနေတွေကိုလည်း မျိုးစုံရှာဖတ်ခဲ့ရတယ်၊ ကိုယ်ရေးတဲ့အထဲ အမှားအယွင်းတွေပါမသွားအောင်လည်း ဂရုစိုက်ရသေးတယ်၊ ငါရေးနိုင်ပါ့မလား .. ကိုယ်တောင်မမွေးခဲ့သေးတဲ့ ၁၉၃၀ ကျော်ကာလ....။ ကိုယ့်ကိုယ်ကိုယ်သံသယဝင်ခဲ့ပေမယ့် ကျွန်မရဲ့ဇာတ်ကောင်တွေကိုယ်တိုင်ကပဲ ကျွန်မကိုဇာတ်လမ်အဆုံးထိ ဆွဲခေါ်သွားခဲ့တာပါပဲ...။

ဒီဝတ္ထုမှာမျိုးဆက်သုံးဆက်ရဲ့ အချစ်ဇာတ်လမ်းတွေပါသည်။ မိန်းမသုံးယောက်ရဲ့အချစ်အပေါ်ထားတဲ့ ခံယူချက်တွေ စိတ်ထားတွေ၊ သူတို့ရှင်သန်ခဲ့ရတဲ့ကံကြမ္မာတွေ....။

အရာရာမှာပျော့ညံ့တတ်တဲ့မိန်းမသားတွေဟာ ဘယ်အချိန်မှာသန်မာတတ်သလဲ ပြသချင်သည်၊ ကျွန်မတို့ရဲ့ဘဝမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်ကြောင်း အသိပေးချင်သည်။

ကျွန်မသူငယ်ချင်းတွေကပြောတယ်...၊ နင်ရေးတဲ့ဝတ္ထုထဲက ဇာတ်ကောင်တွေက green flag စစ်စစ်တွေ၊ အပြင်မှာဒါမျိုးမရနိုင်ဘူးတဲ့....။ ကျွန်မရယ်မိတယ်၊ သူတို့ပြောတာလဲ ဟူတ်ပါတယ်လေ ၊ လူဆိုတာအကောင်းချည်းရယ်လို့တော့ ဘယ်ရှိပါ့မလဲပေါ့။ ကျွန်မရဲ့စာဖတ်သူတွေလည်း အပြင်မှာဒီလို green flag လေးတွေလိုက်ရှာရင်း အပျိုကြီး လူပျိုကြီးတွေမဖြစ်အောင် သတိပေးလိုက်ပါအုံးမယ်...'။

ကျွန်မရဲ့ခရီးစဉ်လေးမှာ လိုက်ပါပေးခဲ့ကြတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်ရှင်။ စာဖတ်သူတို့ရဲ့ ကောမန့်လေးတွေလည်းဖတ်ရပါတယ်။
နောက်တစ်ကြိမ်မှာ ပိုမိုကောင်းမွန်တဲ့ဖန်တီးမှုတွေနဲ့ ပြန်လာခဲ့ပါမယ်....။

နောက်ပြီး extra လေးတွေဆက်ရေးဖြစ်ရင်လဲ ဒီမှာပဲဆက်တင်ပေးမှာမို့ စောင့်မျှော်ပေးကြပါအုံးနော်..။

မေတ္တာဖြင့်.....
ယူ့ဧကရာဇ်

You've reached the end of published parts.

⏰ Last updated: Jun 27 ⏰

Add this story to your Library to get notified about new parts!

မိန်းမတစ်ယောက်ရဲ့ဖြစ်တည်မှုWhere stories live. Discover now