လူတစ်ယောက်ကိုမေ့ဖို့အတွက် အချိန်ဘယ်လောက်လိုမလဲ၊ တစ်လဖြစ်မလား၊ တစ်နှစ်ဖြစ်မလား....၊ ဒါမှမဟုတ် နောက်လူတစ်ယောက်လား.....။ လူတစ်ယောက်ရဲ့နေရာမှာ နောက်လူတစ်ယောက်က လွယ်လွယ်ကူကူအစားဝင်လို့ရပါ့မလား....၊ အချိန်တွေကကုစားသွားမှာပါဆိုတဲ့စကားကို နည်းနည်းတော့သံသယဝင်မိသည်။ နှစ်ကာလတွေကြာရှည်တာတောင် အဲ့လူမှအဲ့လူဖြစ်နေတဲ့ အစွဲအလမ်းကြီးတဲ့လူတွေအတွက် အချိန်ကကုစားတယ်ဆိုတာ မျက်ရည်တွေကိုပဲဖြစ်မယ်...၊ ရင်ဘတ်ထဲကတော့နာနေအုံးမှာပဲ....။
ဒီနောက်ပိုင်းမှာညိုအရမ်းငိုမိနေသလိုပဲ၊ စိတ်ကလည်းစက္ကန့်နဲ့အမျှပြောင်းနေသလို တစ်ချက်တစ်ချက်ကျ တစ်ခုခုကိုအကြာကြီးစိုက်ငေးရင်း ငြိမ်သက်သွားတဲ့အခါလည်းရှိသည်။ ညဘက်တွေဆိုအိပ်မပျော်၊ အိပ်ပျော်သွားရင်လည်း ညသန်းခေါင်တစ်ချက်မှာ ပြန်နိုးလာတတ်သည်။ ညို့ရဲ့လက္ခဏာတွေကို အင်တာနက်မှာရှာကြည့်လိုက်တာ depression ဆိုပြီး သူတို့ဖော်ပြကြသည်။ ဒါပေမဲ့မဖြစ်နိုင်ပါဘူး....၊ ညိုကအဲ့လောက်ထိစိတ်ပျော့တဲ့လူမျိုးမဟုတ်....၊ ဘဝမှာဘာလုပ်လုပ်အဆင်မပြေတဲ့ ကာလအပိုင်းအခြားလေးကို ဖြတ်သန်းနေရတာမို့ အားနည်းနေတာပဲဖြစ်လိမ့်မယ်။ ညို့ထက်အားနည်းနေတာကတော့ မျက်စိရှေ့ကခုတင်မှာလှဲကာ မှိန်းနေသည့် စိုင်းညီမိုးသောက်ပင်ဖြစ်မလား...။
သက်ထားညိုသည်ရေစွတ်ထားသည့်သဘက်ကို မိုးသောက်နဖူးပေါ်တင်ရင်း သက်ပြင်းဖွဖွချမိသည်။ သူ့ရဲ့ဖြူအုနေတဲ့မျက်နှာက အခုတော့ပန်းရောင်သမ်းကာ မီးခဲတုံးကြီးလိုခြစ်ခြစ်တောက်လဲပူနေသေးသည်။ ဆေးခန်းပြရအောင်လည်း သူ့ခန္ဓာကိုယ်ကြီးကိုမ,ကာ မရွှေ့နိုင်တာမို့ အကြပ်ရိုက်နေရသည်။
ညိုကသဘက်ကိုသူ့နဖူးပေါ်ကပြန်ယူလိုက်သည့်အချိန် မိုးသောက်ကနိုးလာပြီး အတင်းထဖို့ကြံသည်။
"ဖျားနေတာကို.....အိပ်နေလိုက်အုံးလေ.......၊ "
"ရပါတယ်.......၊ ညိုဗိုက်ဆာနေပြီလား........၊ ဘယ်အချိန်တောင်ရှိပြီလဲမသိဘူး......"
"အခုကျွန်မဗိုက်ဆာလားမေးရမယ့်အချိန်မဟုတ်ဘူး၊ ကိုယ့်နဖူးကိုယ်လဲစမ်းကြည့်အုံး........၊
YOU ARE READING
မိန်းမတစ်ယောက်ရဲ့ဖြစ်တည်မှု
Romansa(Unicode+Zawgyi) ကျွန်မဘဝမှာပြောင်းလဲလို့မရတဲ့အရာတစ်ခုကြောင့် တစ်ဘဝလုံးသိမ်ငယ်ပြီးနေလာခဲ့ရတယ်...၊ ဒါပေမဲ့ ကျွန်မဘာများတတ်နိုင်မှာမို့လဲ...၊ ကိုယ်တိုင်မလုပ်ခဲ့တဲ့အမှားတစ်ခုအတွက် လူတိုင်းကိုတောင်းပန်စရာမလိုဘူးလို့ကျွန်မထင်တယ်...၊ ကျွန်မရဲ့ဘဝဟာ ဒီအတို...