Part 3 (Unicode)

303 18 3
                                    

ညို အဲ့ဒီနေ့ကအိမ်ကထွက်သွားပြီးတော့ သက်နှင်းတို့အိမ်မှာသွားအိပ်ခဲ့သည်၊ ဒီလိုပါပဲ အမေနဲ့ရန်ဖြစ်တိုင်း အိမ်ပြန်မအိပ်တတ်၊ ဘာကြောင့်မှန်းမသိ အမေ့ဆိုအမြဲတမ်းအပြစ်မြင်ကာ အလိုမကျဖြစ်နေတတ်၏။ မေမေ့မှာညိုတစ်ယောက်ထဲရှိတာသိတာတောင် ညိုဟာအမြဲတမ်း မေမေ့နားကနေခွာပြေးနေတတ်သည်။

အိမ်ကနေဆင်းလာတဲ့သုံးရက်မြောက်နေ့မှာတော့ တစ်ယောက်ထဲစိတ်ဖြေကာ အိမ်ကိုပြန်လာခဲ့ပါသည်။ ညိုအိမ်ထဲဝင်သွားတော့ မေမေကမီးဖိုခန်းထဲမှာ...၊ ဧည့်ခန်းထဲမှာခင်းထားတဲ့ကော်ဇောညိုညိုကို ဖြတ်နင်းလာခဲ့သည့်အချိန် ကြည့်မယ့်သူမရှိတဲ့တီဗီဟာပွင့်လျက်...၊ မေမေကဒီလိုပဲလေ၊ တစ်ယောက်ထဲရှိနေတဲ့အချိန်တွေဆို တီဗီကိုအကျယ်ကြီးဖွင့်ထားတတ်တယ်...။ တစ်ခါတစ်လေဖေဖေရှိတဲ့ရက်တွေကျ သူတို့နှစ်ဦးဟာစကားတပြောပြောနဲ့ ရယ်မောနေတတ်သေးတာ....၊ သူတို့ပြောနေကြတာ...၊ ရှမ်းပြည်မှာဆုံခဲ့တုန်းကအကြောင်းတွေ၊ ရန်ကုန်ကိုပထမဆုံးရောက်လာခဲ့တုန်းက အကြောင်းတွေ... တစ်ခါတစ်လေညိုလုံးဝမသိခဲ့တဲ့အကြောင်းတွေ.....။ အဲ့ဒါကိုမြင်တိုင်းညိုက အပြစ်မကင်းသလို တနုံ့နုံ့ခံစားရတတ်သည်။

"အော်....သမီး.....ပြန်လာပြီလား......"

ဒေါ်မေထားဟာထမင်းအိုးခလုတ်ကိုနှိပ်ရင်း ညို့နဲ့မျက်နှာချင်းဆိုင်ကိုလှည့်လာသည့်အချိန် ညိုကဘယ်ပြေးပုန်းလို့ပုန်းရမှန်းမသိဖြစ်သွားရသည်။ ကိုယ့်အမေကိုယ်အော်ဟစ် ရန်တွေ့ထားတာမို့ မျက်နှာကပူလှသော်လည်း ပြေးကြည့်ရင်သားမိနှစ်ယောက်ထဲရှိတာမို့ ပစ်ထားလို့လဲမရ........။

"သမီး......ဗိုက်ဆာရင်ခဏစောင့်နော်၊ ထမင်းကတော့မကျက်သေးဘူး၊ သမီးကြိုက်တဲ့ပဲပုပ်ချက်ထားတယ်....။

မေမေဒီနားမှာကြက်ဥသွားဝယ်ချင်လို့ အိမ်စောင့်လိုက်အုံးနော်......"

ပြောပြောဆိုဆိုနဲ့ဒေါ်မေထားဟာ ညို့ကိုဘာမှမဖြစ်ခဲ့သလိုပြုံးပြရင်း ပိုက်ဆံအိတ်တစ်လုံးကောက်ကိုင်ကာထွက်သွားသည်။

အော်....ဒီအိမ်မှာညိုတစ်ယောက်ထဲ လိပ်ပြာမသန့်တာပါလားနော်.....။

မိန်းမတစ်ယောက်ရဲ့ဖြစ်တည်မှုWhere stories live. Discover now