Part 23 (Zawgyi)

44 0 0
                                    

လူတစ်ယောက်ကိုချစ်တဲ့စိတ်ကအင်အားကြီးတယ်၊ အင်အားကြီးသလောက် ပျော်ရွှင်ရတယ်၊ ဝမ်းနည်းရတယ်၊ ကျွန်မရဲ့ဘဝမှာချစ်ရတဲ့သူတစ်ယောက် အနားမှာရှိမနေတာက အကြီးမားဆုံးကွက်လပ်တစ်ခုပဲ...၊ သူ့ဆီကမေတ္တာသက်ဝင်မိပါတယ်ဆိုတဲ့ စကားတစ်ခွန်းကြားရဖို့ကိုတောင် စိတ်ရှည်ရှည်နဲ့စောင့်ပေးခဲ့ရတဲ့ကျွန်မက သူ့ဆီကလက်ထပ်ခွင့်တောင်းခံရဖို့ နှစ်ပေါင်းများစွာဆက်စောင့်ရပြန်သည်။

လူဆိုတာချစ်မိရင်ရူးတတ်ကြသူတွေပဲမဟုတ်ပါလား၊ ပြန်လာမလားဆိုတဲ့မျှော်လင့်ချက်နဲ့ရူးတယ်၊ အတူတူဆက်ရှိနေနိုင်မလားဆိုတဲ့ စိတ်ကူးတွေနဲ့ရူးပြန်တယ်.....၊

ဘာလို့လူတစ်ယောက်ကိုဒီလောက်အကြာကြီး စောင့်နိုင်ခဲ့တာလဲတဲ့......၊ လူတချို့ကမေးဖူးတယ်။

အဖြေကတော့ရှင်းပါတယ်၊ ကျွန်မသူကလွဲရင်ဘယ်သူ့ကိုမှမချစ်နိုင်တော့မယ်မထင်ဘူး၊ ကံတရားကဘယ်လောက်ခွဲခွဲ ကျွန်မသူ့ဆီအရောက်သွားနေအုံးမှာပဲ........။ အချိန်တွေနောက်ကိုဘယ်လောက်ပြန်ကျော့ကျော့ ကျွန်မသူ့ကိုရွေးချယ်အုံးမှာပဲ.....။

နုယဉ်လက်ထဲမှာတော့ ခွန်ဆောင်ရိုက်ပေးထားတဲ့ နုယဉ်တို့နှစ်ယောက်ပုံလေးတွေကို ထုတ်ကာအိတ်လေးနဲ့ထည့်လာသည်။ သူသွားရတော့မယ့်အချိန်ကနီးကပ်၍လာပြီ၊ အထုပ်ပေါင်းများစွာဟာလည်း ကားပေါ်မှာအပြည့်နေရာယူခဲ့ပြီ။ နုယဉ်ကတော့သူ့ကိုတစ်ချက်မကြည့်ပဲ မျက်နှာကိုအောက်သာချထားသည်။ တကယ်တော့သူနဲ့အကြည့်ချင်းဆုံရင် ငိုလိုက်မိမှာစိုးလို့လေ......၊ သူနောင်တကင်းကင်းထွက်သွားနိုင်ဖို့အတွက် မျက်ရည်တွေကိုတင်းခံထားနေရလို့ စကားတောင်သေချာမပြောနိုင်....။ သူကလည်းမျက်နှာမကောင်း ကိုယ်ကလဲငိုချင်...။ ခွဲခွာခြင်းတိုင်းကတော့ဝမ်းနည်းစရာကောင်းတာပဲလေ......၊

"နုယဉ်............ကိုယ့်ကိုကြည့်ပါအုံး......"

သူလေသံခပ်တိုးတိုးကိုမကြားချင်ဟန်ဆောင်ရင်း မျက်နှာကိုတစ်ဖက်လွှဲထားပေမယ့် သူကနုယဉ်ပခုံးကိုဆွဲလှည့်ကာ အကြည့်ချင်းဆုံအောင်ကြည့်သည်။

"ကိုယ်ပြန်လာခဲ့မယ်...........၊ သေချာပေါက်...........။

သေချာပေါက်နုယဉ်ဆီကိုပြန်လာခဲ့မယ်.............။"

မိန်းမတစ်ယောက်ရဲ့ဖြစ်တည်မှုWhere stories live. Discover now