" ဘ၀ဆိုတာကို game တစ်ခုလို့ ခင်ဗျားတို့မြင်လား၊ ခင်ဗျားတို့ဘယ်လိုမြင်၊ဘယ်လိုယူဆထားတယ်မသိပေမဲ့ ကျွန်တော်ကတော့ life is a game လို့ပဲခံယူထားတယ်၊ ဘာလို့ဆို game တစ်ပွဲမှာရှုံးသွားရင်တောင် အနိုင်ရဖို့ကိုအစကပြန်"ဆော့နေကြရတာမလား၊ အဲတော့ ကျွန်တော်တို့ရဲ့ဘ၀တွေကလည်း ဒီလိုပဲ ဘာအခက်ခဲတွေဘာတွေပဲရှိနေနေ နိုင်အောင်မဖြစ်မနေကြိုးစားပြီးဆော့ရမဲ့ game တစ်ပွဲပဲ ပြီးတော့ မပျော်လည်းပျော်အောင်နေရမှာပဲ မလုပ်ချင်တာတွေလည်းလုပ်နေရမှာပဲ "
"ကျွန်တော့်နာမည်က Fourth အပြည့်အစုံဆိုရင်တော့ fourth Nattawat Jirochtikul ပေါ့ဗျာ၊ ကျွန်တော့်မှာမွေးရာပါ နှလုံးရောဂါရှိတယ်၊ ပြောရရင်တော့ ဘယ်အချိန်သေမယ်မှန်းမသိဘူးပေါ့ဗျာ၊ သေရမှာကိုတော့ကျွန်တော်ကြောက်မနေပါဘူး ဘာလို့ဆို လူတိုင်းက တစ်ချိန်မဟုတ်တစ်ချိန် "သေဆုံးခြင်း" ဆိုတဲ့အရာကိုရင်ဆိုင်ကြရမှာမလား၊ ဒါပေမဲ့ အဲအရာကြီးကိုရင်မဆိုင်ရခင်မှာ ကိုယ်ကအများကြီးတောင့်ခံကြိုးစားရမယ်ဆိုပါတော့ဗျာ၊ ဒါကြောင့်လည်း လက်ရှိမှာ ပျော်"ရွှင်နေထိုင်သင့်တာပေါ့ ပြောသာပြောရတာပါ ကျွန်တော့ဘ၀ကြီးက မိဘတွေရဲ့ပုံစံခွက်ထဲရောက်နေပြီး ပျော်တယ်ဆိုတဲ့အရသာကိုတစ်ခါမှအစစ်အမှန်မမြည်းစမ်းဖူးတာအမှန်ပဲ "
Bangkok ရဲ့နာမည်ကြီး casino ရုံတစ်ခုမှာ fourth တို့သူငယ်ချင်းတစ်အုပ်ရောက်နေကြတာဖြစ်တယ်၊ casino ရုံဆိုကတည်းက သောက်မယ်စားမယ် ပျော်မယ်ပါးမယ် လောင်းမယ်စားမယ်ဆိုတာမျိုးပေါ့
" Yes !!!နိုင်ပြီကွ၊သွားရအောင် fourth "
" နေပါဦး ပိုပြီးပျော်စရာကောင်းတာလေးမလိုချင်ဘူးလား "
ပြောရင်းတန်းလန်းပင် တစ်ဖက်ပြိုင်ဖက်က သူ့ရဲ့လက်မှာပတ်ထားတဲ့ နာရီကိုချွတ်ပေးလာခဲ့တယ်
Fourth Nattawat Jirochtikul ဆိုတဲ့ကျွန်ေတာ်ကလည်း စိန်ခေါ်ရင်ဘာမှဂရုမစိုက်ဘဲ တိမ်အပေါ်အထိလိုက်တတ်တဲ့သူမျိုး ဒါမျိုးတော့အကြောမခံနိုင်ဘူး" ကောင်းပြီလေ ရော့ ဒါလေးနဲ့ဆိုရင်တော့ ပိုစိတ်၀င်စားဖို့ကောင်းသွားမှာပေါ့ "
ပြော"ဆို" fourthလည်းသူ့လက်မှာပတ်ထားတဲ့နာရီကိုချွတ်ပေးလိုက်တယ်
YOU ARE READING
♡ကံကြမ္မာစေရာ♡
Hayran Kurgu" လောကမှာ ကိုယ့်ကိုပျော်ရွှင်စေတဲ့နေရာ ကိုယ်ကနေရတာပျော်ရွှင်နေတဲ့ရပ်၀န်းဟာ ကိုယ့်အိမ်ပါပဲ... ကိုယ်ပျော်ရွှင်ရတဲ့ရပ်၀န်းကို "ʜᴏᴍᴇ" လို့ခေါ်ကြတယ်... တစ်ခါတစ်လေကျရင် အဲဒီ "ʜᴏᴍᴇ" ဆိုတာမျိုးက မထင်မှတ်တဲ့အချိန် မမျှော်လင့်ထားတဲ့နေရာမှာ ရှာဖွေတွေ့ရှိကြတာမျ...