Part 9

247 19 0
                                    

Unicode

အချိန်က ၂နှစ်ကျော် ၃နှစ်နီးပါး ကုန်သွားခဲ့ပြီ။ Saint အထက်တန်းပြီးပြီမို့ တက္ကသိုလ်ရွေးရတော့မည်။ Perthအတိုင်း ဆေးကျောင်းတတ်ချင်ပေမယ့်လည်း ဒါက Perthလုပ်သမျှ လိုက်လုပ်ချင်လို့သာ စိတ်ပါနေတာ တကယ်တမ်းတော့ သူဝါသနာမပါဘူး။ အထက်တန်းတက်တုန်းက ကျောင်းကလှုပ်ရှားမှုတွေကို လုပ်ရင်း သူတကယ်ဝါသနာပါတဲ့အရာကို Saintရှာတွေ့ခဲ့သည်။ အဲ့ဒါက ဝတ္ထုတွေ ဇာတ်ညွှန်းတွေ ရေးရတာကိုပဲ။ ဇာတ်ကောင်တွေဖန်တီးပြီး စိတ်တိုင်းကျ စိတ်ကူးတွေ ဖြန့်ကျက်ရတာကြိုက်သည်။ ဒီတော့ အနုပညာဘက်(Bachelor Of Art) ကိုပဲ Saintရွေးသည်။ သူအနေနဲ့ professional စာရေးဆရာတစ်ယောက်ဖြစ်ချင်တာမို့ Creative Writing majorက သူ့အတွက် အဆင်ပြေဆုံးဖြစ်သည်။

"ကိုကို Saint မနက်ဖြန်သွားစရာရှိလို့... ကျောင်းအတွက်လိုအပ်တာလေးတွေ သွားဝယ်ဖို့... ကိုကိုကျောင်းပိတ်တယ် မဟုတ်လား"

"အင်း ဘာလို့လဲ"

"ကိုကိုနဲ့အတူတူသွားဖို့လေ"

"ကိုကို မနက်ဖြန် သူငယ်ချင်း တစ်ယောက်နဲ့ ချိန်းထားတာရှိသေးတယ်"

"ဘယ်သူနဲ့လဲ"

"ကျောင်းက သူငယ်ချင်းတစ်ယောက်နဲ့"

Perthက စာရေးနေရင်းနဲ့ Saintကို မကြည့်ပဲ ဖြေနေသည်။ Perthက အခု 3rd MBရောက်နေပြီဖြစ်တော့ နဂိုကထက် ပိုလေ့လာစရာက များနေပြီဖြစ်သည်။ Saint ဂျီကျလို့ရအောင် အရင်ကလောက် အချိန်မပေးဖြစ်တော့။ ဒါပေမယ့် အရင်အတိုင်း Saintကိစ္စတိုင်းကို Perthတာဝန်ယူရသေးသည်။

"Saintလည်း လိုက်ခဲ့မယ်လေ တစ်ခါတည်း"

"မရဘူးလေ ကိုကိုက သူနဲ့၂ယောက်တည်းသွားဖို့ပြောထားတာ ပြီးတော့ Saintပါရင် နေရခက်နေမှာ"

"Saint မသိတဲ့သူ မို့လို့လား"

"အင်း မမြင်ဖူးဘူး ခင်တာတော့နည်းနည်းကြာပြီ... ပြီးတော့ မိန်းကလေးမို့လို့"

"အဲ့ဒါဆို သူ့ကိုမေးကြည့်လိုက်ပေါ့ ငါ့ညီလေးလိုက်လာမယ် အဆင်ပြေလားဆိုပြီး"

ဒီအခြေအနေဆို ဘာလဲသဘောပေါက်ရမှာကို နားမလည်သေးတဲ့ ကောင်လေးကြောင့် Perthခေါင်းနည်းနည်းတော့စားသည်။ သူ ဒီကောင်မလေးနဲ့ dateကြည့်ဖို့လုပ်ထားတာ။ Saintပြောတိုင်းလည်း Perth အရမ်းမငြင်းတာမို့ သူ Saintကို ညာလိုက်လို့ရတာတောင် မညာပဲ တစ်ဖက်က အတူတူသွားမယ့် မိန်းကလေးကို ဖုန်းဆက်​ပေး၏။
......................................................

DevotionWhere stories live. Discover now