Unicode
"သားက အရုပ်ဝယ်ခိုင်းတတ်တဲ့အရွယ်ကနေ မိန်းမတောင်းခိုင်းတဲ့အရွယ်တောင် ရောက်နေပြီပေါ့"
ဖေ့ရဲ့စကားသံကြောင့် နံရံအကွယ်ကနေ Saint လက်သီးကျစ်ကျစ်ဆုတ်ထားမိသည်။ကိုကိုက တကယ် Saintကို အလိုမလိုက်ဘူးပဲ။ အခုလည်း မေ့နဲ့ဖေ့ကို မမMayနဲ့ စေ့စပ်ကြောင်းလမ်းပြီး လက်ထပ်ဖို့အထိ စီစဉ်ခိုင်းနေပြီ။ ကိုကိုပြောတဲ့ စိတ်ပူတယ်ဆိုတာကို Saint နားမလည်တာမဟုတ်။ နားလည်းလည်တယ် သိလည်းသိတယ်။ Saintပြောသလို တူတူရင်ဆိုင်ဖို့ကလည်း မလွယ်ကူမှန်း Saintသိပါတယ်။ Saintထိခိုက်မှာကို ကိုကိုစိုးရိမ်နေမှန်းလည်း သိပါတယ် ဒါပေမယ့် ဦးနှောက်နဲ့ နားလည်သိတတ်သမျှတွေကို နှလုံးသားက လက်မခံနိုင်သေးဘူး။
"စေ့စပ်ထားချင်ယုံပါ ဖေ... လက်ထပ်ဖို့ကတော့ Mayအဆင်သင့်ဖြစ်မှ"
"သားကရော အဆင်သင့်ဖြစ်ပြီလား"
ဖေ့စကားကို Perthလေးလေးနက်နက်တွေးကြည့်သည်။ သူ့ဘက်က အဆင်သင့်ဖြစ်မဖြစ် သူမသိဘူး။ သူ ဒီလိုဆုံးဖြတ်လိုက်ရတာသာ Saintကို ရှောင်ချင်လို့ပဲ။ Mayကိုအသုံးချသလို ဖြစ်သွားခဲ့တာကိုတော့ အားနာမိသည်။ ဒါပေပမယ့် Mayကို တစ်ဘဝလုံးတာဝန်ယူသွားပြီး ပေးဆပ်လိုက်ရင်ရပြီပဲ။ Mayလည်းသူ့ကို သဘောကျနေတာပဲ။
"သားကတော့အဆင်သင့်ဖြစ်ပြီ ဖေ"
"မင်းညီလေးကို ပြောပြပြီးပြီလား"
"မပြောရသေးပါဘူး... Saintကိုလည်း တီလေးတို့ဆီ ပြန်ပို့လိုက်တော့မလားလို့ပါ... ဟိုမှာဆို သူ့ပညာရေးရော စီးပွားရေးရော အကုန်အဆင်ပြေတယ်လေ... မိဘတွေနဲ့လည်းအတူတူနေရမှာ"
သူတို့ သားငယ်လေးကို ပြန်ဖို့မယ်ဆိုတော့ ၂ယောက်စလုံးက သက်ပြင်းချပြီး မျက်နှာကညှိုးသွားသည်။ ပြီးမှ ဖေက ခေါင်းတညိတ်ညိတ်နှင့်
"အင်း အဲ့ဒါလည်း ကောင်းပါတယ်... ဟိုမှာဆိုတော့ သားငယ်အတွက် အခွင့်အလမ်းတွေအများကြီး ပိုရတာပေါ့"
"စိတ်တော့ ကောက်ဦးမယ်ထင်တယ်နော်... သူ့ကိုမခေါ်ထားချင်ဘူးလားဆိုပြီး"
မေကပြောတော့ ဖေက ရယ်ပေမယ့် Perthမရယ်မိပါ။ ဒီဆုံးဖြတ်ချက်ကို သူ့မျက်ရည်တွေနဲ့ချခဲ့ရတာ။ 'ညီလေးနဲ့ခွဲဖို့ အဆင်သင့်ဖြစ်ပြီလား'လို့ ဖေတို့ကများမေးခဲ့ရင် မဖြစ်သေးဘူးလို့ဖြေမိမယ်ထင်ပါတယ်။
.................................................................