Part 11

197 17 21
                                    

Unicode

ဘွဲ့ဝတ်စုံနဲ့ Perthက Saintကို အနောက်ကနေ သိုင်းဖက်ထားတဲ့ထားတဲ့ ပုံလေးကို ဓာတ်ပုံဘောင်ထဲ ထည့်ပြီး စားပွဲပေါ် တင်လိုက်သည်။ ဓာတ်ပုံထဲမှာ အပြုံးလေးတွေက ဝေဝေဆာဆာ။ Saintက ဓာတ်ပုံဘောင်လေးကို ကြိုဝယ်ထားပြီး သူ့စိတ်ကြိုက် customizeလုပ်ထားသည်။ ဓာတ်ပုံက ချက်ချင်းရိုက်ပြီး ချက်ချင်းရတော့ ဘွဲ့နှင်းသဘင်ပြီးလို့ အိမ်ပြန်ရောက်တာနဲ့ တန်းပြီး ဘောင်ထဲထည့် စားပွဲပေါ်တင်ထားတော့တာပဲ။

"လှတယ်မဟုတ်လား ကိုကို"

"အင်း"

"Saint ဘွဲ့ယူတဲ့ခါကျ ဒီဘက်မှာ နောက်တစ်ခုထားမယ်"

"သဘောပါကွာ စိတ်တိုင်းကျလုပ်"

Saintက ပြုံးရွှင်နေရာမှ တစ်ခုခုကို စဉ်းစားမိသွားသလိုနဲ့။

"မင်္ဂလာဆောင်ရင်ရော Saintတို့ ဓာတ်ပုံတွေ အတူတူထားလို့ မရတော့ဘူးလား"

Perthက ရယ်သည်။ သူ့ညီလေး၏ အတွေးတွေနယ်ချဲ့ပုံများ မဖြစ်သေးတာတွေ မဖြစ်နိုင်တာတွေကို ကြိုတွေးပူနေ၏။ အိမ်ထောင်ကိုယ်စီကျကုန်ရင် ဘယ်လိုလုပ် အတူတူဓာတ်ပုံထားလို့ရမှာလဲ။ တကယ့် ကလေးအတွေးနဲ့ Saintက။ ဒါကြောင့် Perth ရွှတ်နောက်နောက်နဲ့သာ ပြန်ဖြေလိုက်သည်။

"ဒါဆိုလည်း မင်္ဂလာမဆောင်ကြပဲ ၂ယောက်တည်း တစ်သက်လုံးအတူတူနေကြမလား"

"တကယ်လား"

"ဟား ဟား နောက်တာပါကွာ"

"Saint အတည်မေးတာ ကိုကိုတကယ်နေမလား"

ရယ်နေတဲ့ Perthက ချက်ချင်းတည်သွားသည်။ Saintက သူ့ကို ရှူတည်တည်စိုက်ကြည့်နေ၏။ Saintရဲ့ တည်ကြည်လေးနက်တဲ့အကြည့်ကြောင့် Saint စနောက်နေတာမဟုတ်မှန်း Perth အတပ်သိသည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ ကိုကိုကဒီအတိုင်း..."

"မနောက်နဲ့! ကိုကိုကတိမပေးနိုင်တဲ့အရာတွေကို နောက်ပြောင်ပြီး မပြောနဲ့"

Saint ဒီလို စကားကို တည်တည်တံ့တံ့ပြောတာမျိုးမလုပ်ဖူးတော့ Perthတောင်ကြောင်သွားသည်။ သူက အခု အကြီးကို ပြန်ဆုံးမနေတာလား။

DevotionWhere stories live. Discover now