Unicode
"ချစ်လို့ကွာ ချစ်လို့! သဝန်တိုလို့! မင်းကို ညီတစ်ယောက်လိုမဟုတ်ပဲ ကိုကိုချစ်မိနေလို့"
ကားထဲက လေထုက တိတ်ဆိတ်သွားပြီး အသက်ရှူသံ ပြင်းပြင်းတွေသာ ကြားနေရသည်။ Saintလက်တွေကိုချုပ်ထားတာကို ဖြေလွှတ်လိုက်ပြီး Perthလက်ဖဝါး ၂ဖက်နဲ့ သူ့မျက်နှာကို အုပ်ထားမိ၏။ အတန်ကြာတဲ့အထိ Saintဆီက အသံထွက်မလာသလို Perthလည်း မျက်လုံးဖွင့်မကြည့်ရဲခဲ့။ Saintကို ခွလျက်သားနဲ့ မျက်နှာချင်းဆိုင် အနေအထားမှာပဲ ထိုင်မိနေသေးသည်။
"ဘာလို့ အခုမှပြောတာလဲ"
ငိုသံစွတ်နေတဲ့ Saint အသံငြိမ်ငြိမ်လေးက ထွက်လာသည်။ Perthမျက်နှာမှာ အုပ်ထားတဲ့ လက်တွေကို Saint အသာအယာ ဆွဲယူဖယ်လိုက်၏။
"ကိုကို ဘာလို့ အခုမှပြောတာလဲလို့"
"....."
"Saintက အဲ့လိုချစ်နေခဲ့တာ ကြာခဲ့ပြီ"
Saintစကားကြောင့် Perthမျက်လုံးအိမ်တွေ ဝိုင်းသွားခဲ့သည်။ Saintဘာပြောလိုက်တာ။ အမြင်တွေတောင် ပြာထွက်သွားအောင် သူ အံ့ဩသွား၏။ Saintမျက်ဝန်းအိမ်က မျက်ရည်လေးစီးကျလာပြီး စကားဆက်ပြောသည်။
"Sakon Nakhonမှာ ကိုကို့ကို နမ်းမိတည်းက Saint အဲ့အနမ်းမျိုး ထပ်လိုချင်ခဲ့တာ... Saint မူးနေပေမယ့် Saint အားလုံးမှတ်မိတယ် ကိုကို့ကို Saint အဲ့တည်းက ချစ်မိနေခဲ့တာ... ကိုကို့ကို Saint တစ်ယောက်ပဲ ပိုင်ဆိုင်ချင်တာ... ဒါပေမယ့် ကိုကိုက ကိုကိုက မမMayနဲ့... အင့်"
Saint အသံလေးက တိမ်ဝင်သွားပြီး ရှိုက်သံထွက်လာသည်။
"Saint ဘာတွေပြောနေတာလဲ"
"ကိုကို့ကိုယ်ကိုကို မသိခင်တည်းက Saintကိုကို့ကို ချစ်နေတာ သေချာနေခဲ့တာပဲ... ကိုကိုသာ စောစော ဖွင့်ပြောခဲ့ရင်..."
"....."
"Saintက ကိုကို့ကို ကြောက်လို့ မပြောခဲ့ပေမယ့် ကိုကိုသာ ဖွင့်ပြော... ဟင့်"
Perthသာဖွင့်ပြောရင် Saintလည်း ဝန်ခံပြီး ရှေ့ဆက်မိလိမ့်မည်ထင်သည်။ ဒါပေမယ့် အခုက တစ်ချို့အရာတွေမှာ အစွန်တစ်ဖက်ကိုရောက်လုနီးနေပြီ။