Unicode
"အာဝါး... အာဝါး"
Saint သေးသေးလေးက Perth ပေါက်စလေးကို အတင်းဖက်ပြီး အာဘွားတွေပေးနေသည်။ ဒါ သူတို့နှစ်ယောက် အားနေရင်လုပ်နေကျ။
Saintအမေက တက်ကြွတဲ့ မိန်းမငယ်လေးဆိုတော့ အိမ်မှာပဲမနေချင်တာကြောင့် ဖခင်ပိုင်တဲ့ ကုမ္ပဏီမှာ အလုပ်ပြန်ဝင်လုပ်နေ၏။ Perth အမေကတော့ ရိုးရိုးအေးအေးမိန်းကလေးဖို့ အိမ်မှာသာ ကလေးထိန်းရင်း အိမ်မှုကိစ္စစီမံရင်းကုန်ဆုံးသည်။ ထိုမိန်းကလေးနှစ်ယောက်က လုံးဝ မတူကွဲပြားတဲ့ အကျင့်စရိုက်တွေနဲ့။
ထို့ကြောင့် Saintလေးကို Perthတို့အိမ်မှာ လာထားထားသည်။ မနက် လင်မယားနှစ်ယောက်အလုပ်သွားချိန်ကျလျှင် ဝင်ပို့ပြီး အလုပ်ပြန်လျှင် ဝင်ခေါ်သွားသည်။ ရက်ရှည်ခရီးထွက်ရလျှင်လည်း Saintလေးဟာ သူ့အဒေါ်နဲ့သာနေခဲ့ရ၏။ ထို့ကြောင့် သူ့အဒေါ်ကို အမေပဲဟုထင်နေသည်။ အမေအရင်းကို 'မား´ဟုခေါ်ပြီး အဒေါ်ကို 'မေ´ဟု ခေါ်၏။
"သားသားတို့ လာတော့ နွားနို့သောက်ရမယ်"
မီးခိုးရောင်အကွက် ညအိပ်ဝတ်စုံလေးဆင်တူနဲ့ ညီအစ်ကိုနှစ်ယောက်ဟာ တစ်ယောက်လက်တစ်ယောက်ဆွဲပြီး နို့သောက်ဖို့ မီးဖိုခေါင်ထဲဝင်လာ၏။
Saintလေးက လမ်းလျှောက်တတ်နေပြီး စကားလည်း သင်နေသည်မို့ လူလည်လေးဖြစ်နေပြီဖြစ်သည်။ Perthလေးကတော့ အစ်ကိုကြီးပီပီ ရှေ့ကနေ ဆရာကြီး။
Saintလေးက လက်မခိုင်သေးတော့ နို့ဘူးနဲ့သာ သောက်ရပြီး လက်တုတ်တုတ်တစ်တစ်တွေကို ကောင်းကောင်းအသုံးချတတ်နေပြီဖြစ်တဲ့ Perthလေးကတော့ ခွက်လေးနဲ့ကိုင်သောက်သည်။ မေမေ ကမ်းပေးသည့် နို့ဘူးလေးကို Saintသောက်ဖို့ အရင်ယူပေးလိုက်ပြီးမှ သူ့အတွက် Tomရုပ်နဲ့ နွားနို့ခွက်လေးကို ယူသောက်၏။
Saintက တပလ္လင်ခွေထိုင်နေတဲ့ Perthလေးရဲ့ပေါင်ပေါ်မှာ လှဲအိပ်လိုက်ပြီး နို့ဘူးကိုတပြွတ်ပြွတ်သောက်နေသည်။ ထိုင်နေတဲ့ ကိုကို တစ်တုတ်ကတော့ တစ်ဖက်က နို့ခွက်ကိုကိုင်သောင်ရင်း တစ်ဖက်က Saint ဗိုက်ပူပူလေးကို အသာအယာပွတ်နေ၏။