Part 12

256 22 56
                                    

Unicode

"မေရေ... မေ"

ဒေါက် ဒေါက်!

"မေ!"

"သားငယ် ဘာလို့ အဲ့လောက်အော်နေတာတုန်း"

မေက အိပ်ထန်းထဲကနေ ညအိပ်ဝါဂန်ကြီးနှင့် အိပ်မှုန်စုတ်ဖွား ထွက်လာသည်။ ​မေ့မျက်လုံးလေးတွေက မို့မို့စင်းစင်းမို့ မေအိပ်ပျော်နေရာကနေ နိုးလာတာဖြစ်လိမ့်မည်။

"ကိုကိုလေ သားနဲ့အတူတူ မအိပ်ဘူးတဲ့... သားကကြောက်ပါတယ်ဆို တစ်ခြားအခန်းမှာ သွားအိပ်နေတယ်"

"ဘယ်မှာလဲ သူ"

"အပေါ်က အခန်းမှာ"

Saintက pajamaဝမ်းဆက်လေးဝတ်ထားကာ ဆံပင်က ရှုပ်ရှုပ်ပွပွနှင့် မေ့နောက်ကနေ တကောက်ကောက် လိုက်သွားသည်။ မေတို့က ပထမထပ်မှာအိပ်ကြပြီး Saintတို့က ဒုတိယထပ်မှာ အိပ်ကြ၏။

"ဘယ်အခန်းလဲ"

"ဒီမှာ"

Saintညွှန်ပြတာက သူတို့အိပ်နေကျမဟုတ်တဲ့အခန်းလွတ်တစ်ခု။ အိမ်ကိုက ဧည့်သည်မလာတတ်ပေမယ့် အခန်းတွေကို အမြဲရှင်းလင်းသန့်ရှင်းထားတော့ တစ်ခုခုဆို ဝင်နေ၊ဝင်အိပ်လို့ရသည်။ အိမ်မှာ ငယ်ငယ်တည်းက အတူတူအိပ်ခဲ့ကြတော့ သူတို့၂ယောက်ရဲ့အိပ်ခန်းကတစ်ခန်းပဲရှိသည်။ တစ်ခြားအခန်းတွေက ရံဖန်ရံခါ ဧည့်သည်လာမှ ထားတာ။

"သားကြီး ထွက်လာဦး"

"ဟုတ်မေ"

မေခေါ်တော့ Perthက ချက်ချင်းထွက်လာသည်။

"ဘာလို့ ညီလေးကို ဟိုဘက်အခန်းမှာတစ်ယောက်တည်းထားခဲ့တာလဲ"

"သားတစ်ယောက်တည်းအိပ်ချင်လို့"

"ဘယ်လိုဖြစ်ရတာတုန်း ရန်ဖြစ်ကြပြန်ပြီလား"

"ဒီအတိုင်း သူနဲ့မအိပ်ချင်လို့"

မေက Perthကို မျက်မှောင်ကုတ်ပြီးတစ်ချက်ကြည့်သည်။ နှစ်ယောက်က အခုအရွယ်အထိ ကလေးတွေလို ပြဿနာဖြေရှင်းနေရတုန်း။

"ဟော ငယ်ငယ်တည်းက အတူတူအိပ်လာပြီးတော့ ဘာဖြစ်တာလဲ... Saint ကိုကိုမကြိုက်တာ ဘာလုပ်ထားသေးလဲ"

"Saint ဘာမှမလုပ်ဘူး မေ"

သနားကမားရုပ်ကလေးနဲ့ Saintက ပြူးကြောင်ကြောင်ကြည့်သည်။ သူဘာမှမလုပ်ထားတာ သေချာသည်လေ။ နေရင်းထရင်း Saintကို အခန်းထဲထားခဲ့ပြီး တစ်ခြားမှာ သွားအိပ်တဲ့ ကိုကိုကသာ တစ်ခုခုလုပ်ထားတာနေမှာ။

DevotionWhere stories live. Discover now