Unicode
ဆေးရုံ၏ ဆရာဝန်များ စောင့်ထိန်းရမည့် စည်းကမ်းများ တစ်နည်းအားဖြင့် သံဓိဌာန်စာကြောင်းများကပ်ထားသည့် နံရံပြည့် စာရွက်ကြီးရှေ့တွင် juty coat အဖြူရောင်ဆင်တူဝတ်ထားကြသော ဆရာဝန်လောင်းလျာများက တန်းစီပြီး ညီညီညာညာရပ်နေသည်။ ရေးထားသည့် အချက်တစ်ချက်စီကို သံပြိုင်ရွတ်ဆိုနေကြသည့် အသံများက စိတ်ဓာတ်တက်ကြွစရာအတိ။ ပထမဆုံးနေ့မို့ စိတ်လှုပ်ရှားနေကြပြီး စိတ်အားလည်း ထက်သန်နေကြပုံပေါ်သည်။ အားလုံးသန့်သန့်ပြန့်ပြန့် ပြင်ဆင်ထားကြပြီး အဖြူရောင်တွေချည်းပဲမို့ စိတ်ကြည်လင်သန့်ရှင်းစရာမြင်ကွင်းလေးဖြစ်သည်။ ရုပ်ချောချောမချောချော ပညာတတ်ဆိုသည့် ဂုဏ်ပုဒ်နဲ့ဆို လူတိုင်းက ကြည့်ကောင်းနေတာတော့ အမှန်။ အားလုံးပြီးတော့ ဆေးရုံအုပ်ကြီးက ဆရာဝန်လောင်းများရဲ့ ရှေ့တည့်တည့်မှာရပ်ပြီး
"ပထဦးဆုံးနေ့ဆိုတော့ စိတ်လှုပ်ရှားကြတယ် မဟုတ်လား... စီနီယာတွေ စကားကို တလေးတစားနဲ့ သေချာနားထောင်ပြီး သေချာပူးပေါင်း လုပ်ကြပါ ဟုတ်ပြီလား..."
"ဟုတ်ကဲ့ပါ!!!!!"
"လူနာတိုင်းရဲ့အနာဂတ်ဟာ ကိုယ့်လက်ထဲမှာပဲ... ဒါကြောင့် လူတစ်ယောက်ရဲ့ဘဝကို ကယ်တင်နိုင်ရမယ်ဆိုတဲ့အသိအမြဲကပ်ပြီး အကောင်းဆုံးကြိုးစားပေးပါ... ဆေးရုံဂုဏ်ပုဒ် ကိုယ့်နာမည်တန်ဖိုးတက်ဖို့အတွက် ငွေမျက်နှာမကြည့်ပဲ အကောင်းဆုံး ပေးဆပ်ပြီး တည်ထောင်ပါ! ရေသာမခိုပါနဲ့! အလွယ်လမ်းမလိုက်ပါနဲ့! မျက်နှာမလိုက်ပါနဲ့! စည်းစိမ်ပကာသနတွေ အကုန်အိမ်မှာထားခဲ့ပါ... အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ခွဲခြားပါ"
"ဟုတ်ကဲ့ပါ!!!!!"
"ဒါဆို တာဝန်ကျ departmentတွေဆီ သွားလို့ရပါပြီ... လိုအပ်တာကို သက်ဆိုင်ရာ ဆရာဝန်ကြီးတွေက ထပ်မှာပါလိမ့်မယ်"
"ကျေးဇူးတင်ပါတယ်!!!!"
တန်းဖြုတ်ပြီး အချင်းချင်းနှုတ်ဆက်၍ သက်ဆိုင်ရာဌာနကို ထွက်သွားကြသည်။ Perthတို့ နှလုံးဆောင်မှာက အလုပ်သင် စုစုပေါင်း ၁၂ယောက်ရှိသည်။ ဒီလောကမှာ ပထမဦးဆုံးနေ့မို့ သက်သာရတယ်ဆိုတာမရှိ။ houseဆင်းပြီဆိုတာနဲ့ wardထဲက လူနာအားလုံးရဲ့ chart listကို အစအဆုံးသိရအောင် လေ့လာရသည်။ သူတို့အဆောင်ရောက်တာနဲ့ သူနာပြုခေါင်းဆောင်က လူနာတွေရဲ့ဆေးမှတ်တမ်းဖိုင်တွဲတွေကို လာပေးသည်။ နှလုံးဌာနက လူနည်းတယ် ဒါပေမယ့် အကုန်အရေးကြီးလူနာ။ တစ်ချက်မှ မှားလို့မရ တစ်စက္ကန့်လေး သတိလစ်လို့မရ။