part 5 (uni)

1.5K 79 2
                                    

"ဂျူးတို့ လမ်းခွဲ‌ရအောင်ကိုကြီး"

"ဘာကြောင့်?"

"ဂျူး ကိုကြီးကို တကယ်မချစ်ဘူးဆိုတာ သေချာသွားလို့ပါ"

"အိုခေလေ ကိုယ့်ဘက်ကနစ်နာစရာဘာ‌အကြောင်းမှမှ မရှိတာ"

"ဒါပေမဲ့ တစ်ခုတော့သတိပေးလိုက်မယ်ဘေဘီ...
ဝဋ်ဆိုတာလည်တတ်တယ်နော်.."

"....."

ကိုကြီးထပြန်သွားပြီးနောက် ကော်ဖီဆိုင်မှာအတန်ကြာတစ်ယောက်ထဲစဉ်းစားနေမိသည်။ နားထဲမှာ ကိုကြီးပြောသွားတဲ့စကားတွေက တစ်ဝဲလည်လည်။ ကိုကြီးအပေါ်ထူးလို့အားမနာမိပေမဲ့ ဒီနှစ်တွေအတွင်းမှာ ကို့အပေါ်သူမကျူးလွန်မိတဲ့ အမှားတွေက အများကြီး။

ကိုကြီးကို လမ်းခွဲရလွယ်ပေမဲ့ ကို့ကိုလမ်းခွဲဖို့ရာကမလွယ်။ ကို သူမအပေါ် ဘယ်လောက်စစ်မှန်ပေးထားလဲ အသိဆုံးမို့။ သူမပေါ့ပေါ့လေးတွေးခဲ့ လုပ်ခဲ့တဲ့အရာတွေက တစ်ဖက်လူကိုအများကြီးနစ်နာစေမိပြီလား။

တစ်လျှောက်လုံးမှာ ကိုယ့်ကိုယ်ကိုယ် မှားတယ်လို့လုံး၀မခံစားခဲ့ရဖူးပေမဲ့ အခုတစ်ခါမှာတော့ သူမရှုပ်ခဲ့တဲ့ ပြဿနာတွေကို ဘယ်ကဘယ်လို စဖြေရှင်းရမှန်းမသိတော့ပေ။

ဒါတွေအားလုံးဟာ ချစ်မိသွားရာက စသည်။ မောင့်ကို ချစ်မိသွားတာကြောင့် သူမအရာအားလုံးကို ရှင်းလင်းဖို့ကြိုးစားနေခြင်းပင်။ မောင်သာသိရင် သေချာပေါက်သူမနှင့်ဆက်တွဲမည်မဟုတ်။

ကော်ဖီဆိုင်ကပြန်ရောက်ပီးနောက် ကို့ဆီဖုန်းဆက်လိုက်သည်။

"ဟယ်လို ဂျူး"

"အားလား ကို...ဘာတွေလုပ်နေတာလဲ"

"ဂျူးအတွက်ဆို အမြဲအားတယ်....ကိုယ်စစ်ပေးရမဲ့ Data လေးတွေစစ်ပေးနေတာပါ၊ စာမေးပွဲကလည်း လပိုင်းလောက်ပဲလိုတော့တာဆိုတော့ နဲနဲပိုအချိန်ပေးနေရလို့ပါ"

တစ်ဖက်ကပြောလာတဲ့စကား‌ကြားမှ သူမအမှတ်ရမိသည်။ ဟုတ်သားပဲ ကို့မှာ စာမေးပွဲရှိနေတာပဲ။ ဘာပဲပြောပြော သိပ်မလိုတော့တာကြောင့် စာမေးပွဲပြီးအောင် စောင့်ပြောလိုက်ဖို့သာ တွေးလိုက်တော့သည်။

မောင့်အနှစ် (Complete)Where stories live. Discover now