part 15 (zawgyi)

200 2 0
                                    

နှစ်ခြင်းအိပ်ယာနိုးလာတော့ အထုတ်အပိုးတွေပြင်ဆင်နေတဲ့မဏ္ဍိုင့်ကို တွေ့လိုက်ရတာကြောင့်

"မဏ္ဍိုင်အထုတ်အပိုးတွေက ဘာလို့လဲ ပြောင်းနေမလို့လား"

"နိုးပြီလားအစ်ကို...ကျွန်တော်ဒီညလေယာဉ်လက်မှတ်ဖြတ်ထားတာအစ်ကို"

အထုတ်အပိုးတွေပြင်ရင်းက သူ့ဘက်လှည့်ကြည့်ကာ ပြန်ဖြေပုံက အေးအေးဆေးဆေးပင်။ မျက်နှာကိုအကဲခတ်ကြည့်တော့လဲ ဘာအရိပ်အယောင်မှမတွေ့။
ဒီရောက်ပြီးမှ တခြားကိုလျှောက်လည်မယ်ထင်ထားတာကို ဘာကြောင့်များအမြန်ပြန်ချင်နေပါလိမ့်။ မဟုတ်မှ...မနေ့ကသူစိတ်ဆိုးသွားတယ်ထင်လို့များလား။

"ဟို...အစ်ကို့ကြောင့်လား"

"အဟင်း...မဟုတ်ပါဘူးအကိုရာ ။ ကျွန်တော်
ဒီလာရတဲ့ရည်ရွယ်ချက် အစ်ကို့ကိုပြောပြပြီးသွားပြီ လေ။ အဲ့ဒါမို့ ပြန်တော့မလို့ ၊ ဖြစ်နိုင်ရင်တော့ဒီမှာ
အကြာကြီးနေချင်သေးပေမဲ့ အစ်ကိုအနေရခက်တာမျိုးမဖြစ်စေချင်ဘူး"

သူသိတာပေါ့။ ဒီကိစ္စမှာ အစ်ကိုသူ့ကိုစိတ်မဆိုးဘူးဆိုတာ။ ဒါပေမဲ့ သူ့ကို့တွေ့ရင် ခါတိုင်းလိုတော့ပုံမှန်ဆက်ဆံဖို့ အခက်တွေ့နေလိမ့်မည်။ အဲ့ဒါကြောင့်
အစ်ကို့ကိုအချိန်ပေးဖို့ ဆုံးဖြတ်လိုက်တာပင်။ အစ်ကို့ဆီကအချစ်တွေကိုရဖို့ စိတ်ဆန္ဒလောလို့မဖြစ်။
ဒီအတောအတွင်း အစ်ကိုနဲ့ရင်းနှီးမှုယူပြီး အစ်ကိုမြန်မာပြန်လာတဲ့အချိန်မှ သူ့ဆန္ဒကိုအကောင်အထည်ဖော်ရမည်။

"အစ်ကိုစိတ်မဆိုးဘူးဆို ကျွန်တော် တစ်ခုမေးလို့ရမလား"

"ဟင် ဘာကိုလဲ"

"အကို အခုထိ သူ့ကိုချစ်နေတုန်းလား"

"...."

မဏ္ဍိုင်မေးလိုက်တော့ နှစ်ခြင်းဘက်က တိတ်သွား၏။

"ဟို အစ်ကိုအဆင်မပြေ... "

"ကိုယ့်ဘ၀ရဲ့ သိပ်ချစ်ခဲ့ရတဲ့ အချစ်ဦးလေ"

"....."

"ကိုယ်မညာချင်ဘူး အခုချိန်ကိုယ်သူ့ကိုချစ်သေးလား
မသိပေမဲ့ မေ့မရသေးတာတော့ သေချာတယ်။ ပြောရတာနဲနဲရှက်စရာကောင်းပေမဲ့ သူဖောက်ပြန်ခဲ့တာ
တစ်ကြိမ်ထဲမှမဟုတ်ပဲ။ သူဖောက်ပြန်တာ သိသိရဲ့နဲ့တောင် ကိုယ်ချစ်လွန်းလို့ခွင့်လွှတ်ပေးခဲ့တာ၊ ကိုယ့်ရဲ့လိုအပ်ချက်တွေကြောင့်ပါဆိုပြီးတော့ပေါ့။ နောက်တစ်ချက်က ဂျူးကိုယ့်ကို တကယ်ချစ်တယ်ထင်ခဲ့လို့။ ဒါပေမဲ့ ကိုယ်မြန်မာပြည်ပြန်လာတဲ့အခါမှာ လုံးဝလွှတ်ချနိုင်သွားတယ်။ ဘာလို့လဲဆိုတော့ ဂျူးရဲ့မျက်လုံးထဲမှာ ကိုယ့်ကိုချစ်တဲ့အရိပ်အယောင်တွေ လုံးဝမတွေ့ခဲ့လို့..."

မောင့်အနှစ် (Complete)Where stories live. Discover now