ဗီးနပ်စ် နှစ်နဲ့စကားပြောပြီး အခန်းထဲပြန်ရောက်တာနှင့် ပိတ်ထားတဲ့ဖုန်းကိုစက်ဖွင့်လိုက်၏။ သူခေါင်းအေးအေးနဲ့ သေချာဆန်းစစ်ဖို့စက်ပိတ်လိုက်တာပါ။ မဟုတ်ရင် ဟိုကောင်လေးက မကိုင်မချင်းခေါ်နေတော့ သူလည်းအဲ့လိုလုပ်ထားလိုက်တယ်။ အကြာကြီးလည်းမဟုတ်ပါဘူး ခုမှသုံးရက်ပဲရှိသေးပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်က....
"ကျွန်တော် တကယ်လို့ ယောင်္ကျားလေးတစ်ယောက်နဲ့လက်တွဲမယ်ဆိုရင်ရော ခွင့်ပြုမှာလား"
"......"
"ဟို မေးကြည့်တာပါ အတည်တော့မဟုတ်သေးပါဘူး"
သူမနေတတ်စွာ လည်ဂုတ်ကိုပွတ်မိတော့ ဒယ်ဒီနဲ့မာမီက သူ့ကိုသေချာကြည့်လိုက် အချင်းချင်းပြန်ကြည့်လိုက်လုပ်နေ၏။
"ဘာဘီလေးက ချစ်ရမဲ့သူတွေ့နေပြီလား"
"ဟိုအဲ့လိုတော့ မဟုတ်ပေမဲ့လည်း ....အမ် ကောင်လေးတစ်ယောက်က ဖွင့်ပြောထားလို့...."
"ဘာဘီလေးပါးစပ်ကနေဖွင့်ပြောတယ်ဆိုတော့ သူ့ကိုဘာဘီလေးစိတ်ထဲရှိနေလို့ပေါ့"
"ဟို အဲ့လိုလည်းမဟုတ်ပါဘူး"
"မာမီရော ဒယ်ဒီရောကတော့ သားရဲ့လက်တွဲဖော်ကဘယ်သူဖြစ်ဖြစ် သားကိုတကယ်ချစ်တဲ့သူ သားကိုပျော်ရွှင်စေတဲ့သူဆို လက်ခံပေးဖို့အသင့်ပဲ....ဘာဘီလေးဘက်က သေချာရင်အိမ်ကိုခေါ်လာခဲ့ ဟုတ်ပြီလား..."
"ဟုတ်"
"ဟားဟား...ဟန်နီရေ ငါတို့ဘာဘီလေးကတော့ ချွေးမမခေါ်ပဲ သားမက်ခေါ်လာတော့မယ်တူတယ်ဟေ့"
"ဟန်နီတို့သားနှစ်ယောက်ရတာပေါ့ "
(ဟား...ဟား..)၂
ဒယ်ဒီနှင့်မာမီရဲ့ ပေါ့ပေါ့ပါးပါးပြုံးရယ်နေတဲ့မျက်နှာတွေကိုတွေ့မှ ဗီးနပ်စ်ရင်ထဲအလုံးကြီးတစ်ခုလျော့သွားတော့သည်။ မာမီက ခေတ်အကြောင်းတွေကိုမေးရင်းနှင့် ထိုနေ့ကအတန်ကြာဖုန်းပြောဖြစ်ခဲ့ကြသည်။ ထို့နောက်တော့ သူခေတ်ကိုအဖြေပေးသင့်မပေးသင့်သေချာစဉ်းစားရင်း သူ့နှလုံးသားကိုသေချာသိဖို့ ဖုန်းကိုစက်ပိတ်ပစ်ခဲ့တာပင်။
YOU ARE READING
မောင့်အနှစ် (Complete)
Romanceအနှစ်က မောင့်နှလုံးအေးဆေးလေး🩷 (ဒုတိယအကြိမ်ပုံဖော်မိတဲ့ bl fiction လေးပါ) သစ်တောစိမ်းလေးကိုဖတ်ရမှာပါနော်😁