part 8 (zawgyi)

247 3 0
                                    

အခန်းတစ်ခုလုံး ရှုပ်ပွနေကာ ဟိုတစ်စ ဒီတစ်စပြန့်ကျဲနေတဲ့အ၀တ်တွေအပြင် စားထားလက်စ မုန့်တွေဆိုအနံ့တောင်ထွက်နေပြီ။ ကုတင်ပေါ်ကြည့်လိုက်တော့လဲ စိတ်နဲ့လူနဲ့မကပ်သလို လဲလျောင်းနေတဲ့ သူမသူငယ်ချင်းကိုတွေ့လိုက်ရ၏။

"ဘယ်လိုဖြစ်ရတာလဲ ဂျူး? တစ်ခန်းလုံးလဲ ရှုပ်ပွနေတာပဲ အနံ့တွေတောင်ထွက်တယ်"

သူမမေးတာကိုမဖြေပဲ ငိုမြဲသာငိုနေ၏။
ခက်တော့တာပါပဲ...။ ဒါတွေကြောင့် သူမသတိပေးခဲ့တာ။ ဒါကို ခေါင်းမာစွာနဲ့ ဆက်လုပ်နေတော့ ခုတော့အကုန်ပေါ်ရော...

လောကမှာ ဖုံးကွယ်ထားလို့ရတဲ့ အမှားဆိုတာမရှိဘူး။ အမှားလုပ်ထားရင် တစ်ချိန်မဟုတ် တစ်ချိန်တော့ပေါ်မှာပဲ။

"ငါနင့်ကို သတိမပေးခဲ့ဘူးလား ဂျူး၊ ကိုနှစ်ခြင်းနေရာမှာ ငါဆိုလည်း ကိုယ့်အပေါ်ဖောက်ပြန်တဲ့သူကို
ဆက်တွဲနိုင်မှာမဟုတ်ဘူး"

"မဟုတ်ဘူး... သဒ်ဒါ...သိလား..အဟင့်...မောင်ကလေ ငါ့ကိုဆက်မတွဲနိုင်တော့ဘူးတဲ့...ငါ..ငါမောင့်ကို တကယ်ချစ်သွားတာဟ..."

"ဘုရားရေ! ခုဖြစ်ပျက်နေတာတွေက ကိုနှစ်ခြင်းသိသွားလို့ မဟုတ်ဘူးလား? နင်... နင် ကိုနှစ်ခြင်းအပေါ်လည်း အားနာပါအုံးဟာ...ဟိုကစာမေးပွဲနီးနေတာတောင် လေယာဉ်နဲ့ရောက်လာခဲ့တာ ဘယ်လောက်တောင်ပူဆွေးသောကရောက်နေလို့လဲဆိုတာ တွေးကြည့်ရုံနဲ့သိတယ်"

"ငါ တောင်းပန်ပြီးပါပြီ...ငါ့အတွက် သူနဲ့ပတ်သက်ပြီး ဘာမှမခံစားရဘူး၊ ဒါပေမဲ့ ခုက မောင်နဲ့ရှိနေတဲ့အချိန်မှာ ဖြစ်သွားတော့ မောင်ကငါ့ကိုစိတ်အရမ်းဆိုးသွားပြီဟ...အဟင့်"

သဒ္ဒါကတော့ ပြောစရာစကားတောင်မရှိတော့။
ဒါဟာ ၀ဋ်လည်တာဆိုတာရော ဂျူးသတိထားမိရဲ့လား။ ကိုယ့်ကိုချစ်တဲ့သူကို စော်ကားမိလို့ ကိုယ်ကချစ်တဲ့သူရဲ့ ဥပေက္ခာကိုပြန်ရတာ။

ရှေ့ကနေရှိုက်ကြီးတငင်ငိုနေတဲ့ သူငယ်ချင်းမကို ဘယ်လိုနှစ်သိမ့်ရပါ့မလဲ။ နင်လုပ်လို့ နင်ခံရတာဟု ပြောလိုက်ချင်သော်လည်း ခုချိန်ကအဆင်ပြေမနေသေး။ သူကတော့ ကြားထဲကနေ ကိုနှစ်ခြင်းကိုသာ အားနာသနားမိသည်။ မတော်လို့နောက်တွေ့ကြရင်တောင် မျက်နှာချင်းမဆိုင်ဝံ့။

မောင့်အနှစ် (Complete)Where stories live. Discover now