"ကိုနှစ်ခြင်း ကျွန်တော်တို့ကမ်းလှမ်းထားတဲ့ interior design ဆွဲပေးမဲ့သူက
လက်ခံလိုက်ပြီ""ဟုတ်လား ဒါဆိုအဆင်ပြေတာပေါ့၊ သူကအရမ်းတော်တယ်ပြောကြတယ် freedom လုပ်တဲ့သူဆိုတော့ သူကြိုက်ရာပဲရွေးလက်ခံတယ်ပြောကြလို့ ရပါ့မလားစိတ်ပူနေတာ"
"ဟုတ် ကိုနှစ်ခြင်း ဒါဆိုကျွန်တော်သူနဲ့ ဆွေးနွေးဖို
ရက်ညှိလိုက်မယ်နော်""အိုခေ ကောင်းခန့်...ဒီကအချိန်နဲ့က ၂နာရီခွဲလောက်ကွာတော့ သူအားမဲ့အချိန်နဲ့ ကြည့်ပြီးအရင်ညှိကြည့်လိုက်"
"ဟုတ် ဒါဆို ကျွန်တော်ပြီးမှပြန်ဆက်မယ်ဗျ"
"အိုခေ အိုခေ"
ကောင်းခန့်နဲ့ ဖုန်းချပြီး သူလိုချင်တဲ့ အချက်အလက်လေးတွေရှာနေလိုက်သည်။ ခုက သူတို့အသစ်ဆောက်မဲ့ super market အတွက်ပြင်ဆင်နေကြခြင်းဖြစ်သည်။ သူပြန်လာရင် ဖေဖေက ဦးစီးခိုင်းမည်ဟုပြောသောကြောင့် ခုကတည်းက ကိုယ့်စိတ်တိုင်းကျရဖို့ သေချာပြင်ဆင်နေရသည်။
📞တကယ်ဆိုရင် လူ့ဘ၀ တိုတောင်းလွန်းလှပါတယ်
မာန်မာနများ ရန်ငြိုးများမရှိစေနဲ့....📞"အင်းပြော... ကောင်းခန့်"
"ဟို... ကိုနှစ်ခြင်း အဲ့ဒီလူက ကိုနှစ်ခြင်းနဲ့ပဲ သေချာမျက်နှာခြင်းဆိုင်ဆွေးနွေးချင်တာတဲ့"
"အင်း ရတယ်လေ ကိုယ်တို့ VC နဲ့ပြောကြမှာပဲကို"
"ဟို မဟုတ်...သူက ဂျပန်လာဆွေးနွေးမယ်ပြောနေလို့ အဲ့ဒါ..."
"ဟင်...ဂျပန်ထိ?"
"အဲ့လိုဆို အသွားအပြန်နဲ့ သူရတာနဲ့ ဘာကျန်တော့
မလဲ၊ ကိုယ်ပြန်လာမှတွေ့ကြရင်ရော""အဟမ်း...သူပြောတာတော့ ဂျပန်ကိုတခြားကိစ္စနဲ့ရော သွားစရာရှိလို့လို့ ပြောပါတယ်"
"အင်း သူ့ဘက်က အဲ့လိုဆိုတော့လည်း ဒီဘက်ကအဆင်ပြေအောင်လုပ်ပေးရမှာပေါ့၊ ဘယ်တော့လာမယ်ပြောလဲ"
"ဟို ဒီည လေယာဉ်နဲ့ ထွက်ခဲ့မယ်တဲ့"
"ဟမ်...."
ဒီလူက စိတ်မြန် လက်မြန်ရှိတဲ့လူလားပဲ။ ဘာပဲနေနေ သူလာလိုက်တော့လည်း လူချင်းတွေ့ပြောရတော့
ပိုအဆင်ပြေသွားတာပေါ့။
YOU ARE READING
မောင့်အနှစ် (Complete)
Romanceအနှစ်က မောင့်နှလုံးအေးဆေးလေး🩷 (ဒုတိယအကြိမ်ပုံဖော်မိတဲ့ bl fiction လေးပါ) သစ်တောစိမ်းလေးကိုဖတ်ရမှာပါနော်😁