အိမ်အပြန်လမ်းတစ်လျှောက်လုံး နှစ်ခြင်းလက်ကိုဆုပ်ကိုင်ထားကာ လက်တစ်ဖက်တည်းဖြင့်ကားမောင်းလာတဲ့ကောင်လေးကိုကြည့်ရင်း နှစ်ခြင်းခေါင်းယမ်းလိုက်မိသည်။ ဒီကောင်လေးဟာ ကဲကိုကဲလွန်းတယ်။ လက်ကလည်းမလွှတ်သလို ပါးစပ်ကလဲမေးခွန်းတွေကမပြတ်။
"အနှစ်က မောင့်ကိုဘယ်အချိန်ကတည်းကချစ်သွားတာလဲ"
"အဲ့ဒါတော့မပြောတတ်ဘူး မင်းကငါ့ကိုအမျိုးမျိုး
ဆွဲဆောင်နေတော့ ငါလည်းပါသွားတာနေမှာပေါ့""အဟား...မောင်ကချစ်ပဲပြတာပါကွာ"
မဏ္ဍိုင်သဘောတကျရယ်လိုက်မိ၏။ သူ့မှာပျော်လွန်းလို့ ဆုပ်ကိုင်ထားတဲ့လက်ကလေးတောင် လွှတ်ရမှာနှမြောလို့ မလွှတ်နိုင်။ နောက်ဆုံးတော့သူ့ရဲ့အချစ်တွေကို ချစ်ရသူကလက်ခံသွားပြီလေ...။
"ဒါနဲ့ မနက်က ကိစ္စမမေးတော့ဘူးလား"
"မေးစရာလိုသေးလို့လား? အနှစ်က ခု မောင့်ကိုအဖြေပေးလိုက်ပြီဆိုကတည်းက အဖြေကရှင်းနေပြီလေ"
"ဒါပေမဲ့ သိချင်တာတစ်ခုတော့ရှိတယ်"
"ဘာလဲ?"
"အနှစ်က သူကျွန်တော်တို့ကိစ္စကိုသိနေတာ ဘယ်လိုသိသွားတာလဲ"
မဏ္ဍိုင့်အမေးကြောင့် နှစ်ခြင်းပြုံးလိုက်မိ၏။ လူကိုဘာမှမသိတဲ့ငတုံးများမှတ်နေလား ဒီကောင်လေး!
"ဒါတော့ ကိုယ်လည်းဆက်စပ်ကြည့်မိတာပေါ့...အေးအေးဆေးဆေးနေချင်လို့သာနေတာ လူကိုတုံးတဲ့သူများမှတ်နေလား"
"ဟားဟား...! မမှတ်ပါဘူးဗျာ...အနှစ်ကအားလုံးကိုသိနေတော့ မောင်ကအံ့ဩသွားတာပါ"
"ကားကိုသေချာမောင်းစမ်းပါ လက်ကိုရောလွှတ်အုံး!"
"မလွှတ်ချင်ပေါင်....ဒီလိုမျိုးကိုင်ခွင့်ရဖို့ဘယ်လောက်တောင်စောင့်ခဲ့ရလဲ"
နှစ်ခြင်း မဏ္ဍိုင့်ကိုမနိုင်သလိုသာ ပြန်ကြည့်လိုက်တော့သည်။ ရှေ့လျှောက် ဒီလိုဂျစ်ကျတာတွေ များများကြုံရတော့မှာပဲ...
"ဒါဆို ဒီနေ့ကို တစ်ရက်လို့စမှတ်လို့ရပြီမလား"
အူမြူးနေတဲ့ကောင်လေးက နှစ်ခြင်းခေါင်းငြိမ့်ပြလိုက်တော့ ကျေကျေနပ်နပ်ကြီးပြုံးနေပြန်သည်။ နှစ်ခြင်းရင်ထဲမှာလည်း တစ်လှပ်လှပ်နဲ့ ကြည်နူးနေ၏။ ကိုယ့်ထက်ငယ်တဲ့ကောင်လေးနဲ့ ရည်းစားထားရင်အဲ့လိုပဲလား...
YOU ARE READING
မောင့်အနှစ် (Complete)
Romanceအနှစ်က မောင့်နှလုံးအေးဆေးလေး🩷 (ဒုတိယအကြိမ်ပုံဖော်မိတဲ့ bl fiction လေးပါ) သစ်တောစိမ်းလေးကိုဖတ်ရမှာပါနော်😁