တစ်လကျော်လောက်လွမ်းဆွတ်တမ်းတခဲ့ရတဲ့
တစ်ဦးတည်းသောသူကို ပြန်တွေ့ရတော့မည်ဆိုတော့ ရင်ခုန်စိတ်လှုပ်ရှားမှုတွေက အတိုင်းအဆမဲ့။
နောက်ဆိုရင် ဒီတစ်ဦးတည်းသောလေးကို အမြဲမြင်တွေ့နေရတော့မယ်ဆိုတဲ့ ခံစားချက်လေးက တကယ်ကိုနွေးထွေးစေသည်။ အင်း...မပိုင်ဆိုင်ရသေးတာကတော့ ရင်မောစရာပေမဲ့ ပိုင်ဆိုင်ခွင့်ရဖို့သူကြိုးစားမှာပင်။ အခု မဏ္ဍိုင်ရောက်နေတာက လေဆိပ်မှာဖြစ်၏။ ဘ၀မှာတစ်စုံတစ်ဦးကို မြင်ခွင့်ရဖို့ လေဆိပ်ထိ
လာကြိုတယ်ဆိုတာ အခုမှပထမဆုံး။ ညကအစ်ကိုနဲ့ဖုန်းပြောကြတော့ အစ်ကိုက လာမကြိုပါနဲ့ ပြီးမှသပ်သပ်တွေ့ကြမယ်ဟု ပြောသော်လည်း သူလက်မခံနိုင်။ ခဏတဖြုတ်ပဲတွေ့ရပါစေ မျက်နှာလေးမြင်ပီး စကားလေးခဏပြောရရင်ကို ကျေနပ်တာမို့ အတင်းခွင့်တောင်းကာ လာကြိုခြင်းဖြစ်သည်။ အစကတော့
အစ်ကို့အိမ်ကလာကြိုမည်ပြောသည်။ သူခွင့်တောင်းလိုက်တော့ အိမ်ကိုလာမကြိုပဲအိမ်ကပဲစောင့်ဖို့ပြောလိုက်တာဖြစ်မည်။ အဟင်း....ဒီလိုဆိုတော့ အကို့အိမ်ထိရောက်ဖူးသွားရတာပေါ့။တစ်နာရီခွဲလောက်စောင့်ပြီးချိန်မှာတော့ မျှော်နေတဲ့လေယာဉ်ဆိုက်လာခဲ့သည်။ သူ့အဖြစ်က မတွေ့ရတာကြာတဲ့ချစ်သူပြန်အလာကို ရင်ခုန်စွာလာစောင့်နေပုံနဲ့တောင်သူသည်။ ခဏကြာတော့ လူအများကြားထဲကနေ အဖြူရောင်တီရှပ်ကို စတိုင်ပင်အနက်ခါးထဲထည့်ဝတ်ထားတဲ့ သူ့ရဲ့အေးချမ်းရာလေးကိုတွေ့လိုက်ရသည်။ လက်ပေါ်မှာ ကုတ်အင်္ကျီလေးကိုလဲတင်ထားသေးသည်။ ကြည့်ရတာပူလို့ချွတ်လိုက်တဲ့ပုံ။ ဘေးနားမှာ ဟိုဆံပင်ကောက်ကောက်နဲ့နိုင်ငံခြားကောင်ပါ ကပ်ပါလာ၏။ အသားဖြူတာချင်းတူတာတောင်
သူ့မျက်လုံးထဲတော့ သူ့လူလောက်ချောမောမှုရှိမနေ။ ဟိုကြည့်ဒီကြည့်ဖြင့် သူ့ကိုရှာနေပုံရတာကြောင့် မြင်သာအောင်လက်ဝှေ့ယမ်းပြလိုက်မှ သူ့ဆီသို့အပြုံးလေးတစ်ခုနဲ့လျှောက်လာ၏။"စောင့်နေတာကြာပြီလား မဏ္ဍိုင်"
"မကြာသေးပါဘူးအစ်ကို"
"ဟေး မန်...ပြန်တွေ့ကြပြန်ပြီ ငါ့ကို ကတိပေးထားတာမမေ့နဲ့နော်"
YOU ARE READING
မောင့်အနှစ် (Complete)
Romanceအနှစ်က မောင့်နှလုံးအေးဆေးလေး🩷 (ဒုတိယအကြိမ်ပုံဖော်မိတဲ့ bl fiction လေးပါ) သစ်တောစိမ်းလေးကိုဖတ်ရမှာပါနော်😁