part 18 (zawgyi)

196 2 0
                                    

Night out ဆိုတော့ဘာဝတ်ရင်ကောင်းမလဲ??
ပုံမှန်ဆို နှစ်ခြင်းကဒီလိုတွေသိပ်မထွက်ဖြစ်ပေမဲ့ ဒီနေ့တော့မထွက်လို့မဖြစ်။ အဘယ်ကြောင့်ဆိုသော် မဏ္ဍိုင်ကိုယ်တိုင်ဖိတ်ထားတာမို့ပင်။ မဏ္ဍိုင့်ကို design ပဲဆွဲတယ်ထင်နေတာ ခုသူငယ်ချင်းတွေနဲ့စုပြီး bar ဖွင့်ထားတာဆိုပဲ။ ဒီကောင်လေး အရွယ်ငယ်သလောက် စီးပွားရေးကတော့အတော်လုပ်တတ်တယ်ပြောရမယ်။ ဒီနေ့က သူတို့ရဲ့ bar စဖွင့်မှာမို့ သူငယ်ချင်းတွေရောမိတ်ဆက်ပေးချင်လို့ အစ်ကိုလာခဲ့ပါဆိုတာကြောင့် အ၀တ်အစားရွေးနေရခြင်းပင်။ ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်တာမျိုးဖြစ်အောင် ဗီရိုထဲက တီရှပ်ဆိုဒ်ပွတစ်ထည်နဲ့ ဘောင်းဘီဒူးလောက်ကို ရွေးလိုက်၏။

တအားများလူငယ်ဆန်လွန်းနေမလား??

ဒီလိုဆိုတော့ သူ့အသက်အရမ်းကြီးသေးတာမှမဟုတ်တာ ကြည့်ရမကလပ်လောက်ပါဘူး....။

ခါတိုင်းလိုစတိုင်ပင်နဲ့ဝတ်အောင်ကလဲ သွားမဲ့နေရက အစည်းအဝေးမှမဟုတ်တာ။ ဒါမှမဟုတ် စတိုင်ပင်နဲ့ shirt လက်ရှည်ပဲဝတ်ခဲ့ရမလား။ တစ်ယောက်ထဲဝေခွဲမရဖြစ်နေစဉ် ဖုန်းမြည်လာတာကြောင့်
ကြည့်လိုက်တော့ မဏ္ဍိုင်ဆီက။

ဖုန်းကိုင်လိုက်တယ်ဆိုရင်ပဲ

"ဟယ်လိုအကို ပြီးပြီလား ကျွန်တော်လာခေါ်မယ်နော်"

"ခုမှရေးချိုးပြီးတာ လာမခေါ်ပါနဲ့ မဏ္ဍိုင်ကအဲ့ဒီမှာ
ရှိနေမှကောင်းမှာပေါ့ ကိုယ် ဗီးနပ်စ်နဲ့အတူလာလိုက်မယ်"

"ဒီမှာက ဟိုကောင်တွေရှိတယ် အခုကမိုးသိပ်မချုပ်သေးပေမဲ့ အပြန်ကျမိုးချုပ်မှာ ကျွန်တော်ပဲလာခေါ်မယ်"

"ဟို...ကိုယ်"

"အဲ့ဒါဆိုခဏနေထွက်ခဲ့လိုက်တော့မယ်နော်"

နှစ်ခြင်းပြောတာပင်မစောင့်ပဲ သူပြောချင်ရာပြောပြီးချသွားတာကြောင့် ခေါင်းသာယမ်းလိုက်မိတော့သည်။ ခုနောက်ပိုင်းသိလာရတာက မဏ္ဍိုင်က သူလုပ်ချင်တာဆို မရရအောင်ဂျစ်တိုက်ပီးလုပ်တတ်တာပင်။ သူဒါလုပ်မယ်ဆို လုပ်မယ်ပဲ ဘယ်သူမှတားမရဘူးဆိုတဲ့လူမျိုးဖြစ်သည်။

ဒေါက်...!ဒေါက်!...ဒေါက်!

"နှစ် ပြီးပြီလား"

"မပြီးသေးဘူး ခဏ တံခါးလာဖွင့်ပေးမယ်"

မောင့်အနှစ် (Complete)Where stories live. Discover now