မဏ္ဍိုင်မနက်အိပ်ယာထတဲ့အချိန် အစ်ကိုကမရှိတော့။ သို့ပေမဲ့ တံခါးမှာ note စာရွက်လေးကပ်ထားပေးခဲ့သည်။ အတန်းချိန်အရေးကြီးလို့ စားပွဲပေါ်မှာမနက်စာပြင်ပေးခဲ့တယ်နော် ပြန်လာရင် နေ့ခင်းစာအပြင်မှာ လိုက်ကျွေးမယ် ။ ဝိုင်းစက်စက် လက်ရေးလေးကိုကြည့်ကာ ကြည်နူးမှုတို့ လှိုက်တက်လာ၏။ မသိရင် တကယ်အတွဲတွေလိုပဲ အဟင်း...။ ဒီလိုဖြင့် သူ့ရဲ့မနက်ခင်းလေးဟာ အကြည်ဓာတ်လေးတွေဖြင့် စတင်ခဲ့လေသည်။
"နှစ် မနေ့ကဘာလို့ ကျောင်းမလာတာလဲ"
"အလုပ်ကိစ္စရှိလို့ ၊ မြန်မာနိုင်ငံကနေ တကူးတက
လာဆွေးနွေးပေးတာမို့ သွားကြိုပေးနေရတာ""ဝိုး မြန်မာနိုင်ငံသားပေါ့...ခုပြန်သွားပြီလား"
"မပြန်သေးဘူး အဆောင်မှာ"
"ဒါဆို ငါအချိန်ပိုင်းအလုပ်ပြီးရင် အလည်လာမယ်"
ဗီးနပ်စ်ဆိုတာ မြန်မာစကားပြောခွင့်ရဖို့ကို အင်မတန်မှချောင်းနေတဲ့သူ။ သူနဲ့ပြောလားဆို မပြောဘူး။ သို့သော် သူ့အိမ်လာရင်တော့ ပြောသည်။ အကြောင်းပြချက်က ကျောင်းမှာအများနားလည်တဲ့ဘာသာစကားနဲ့ပဲ ပြောချင်လို့ပါတဲ့။
နှစ်ခြင်းအိမ်ရောက်တော့ လူအရိပ်အယောင်မတွေ့ရ။ အခန်းထဲ၀င်ကြည့်တော့ ရေချိုးခန်းဘက်က ရေကျသံကြားရတာကြောင့် မဏ္ဍိုင်ရေချိုးနေမှန်းသိလိုက်သည်။ ထိုစဉ် ရေချိုးခန်းတံခါးပွင့်လာတာကြောင့် ရုတ်တရက်လှည့်ကြည့်မိလိုက်ရာ မဏ္ဍိုင်က ရေချိုးသဘက်ကို
ခါးမှာပတ်တယ်ဆိုရုံခပ်လျှောလျှောပတ်ပီး ထွက်လာတာဖြစ်သည်။ အဲ့ဒီနောက် သဘက်ကို အားရပါးရဖြန့်၀တ်ရင်းမှ သူ့ကိုမြင်သွား၏။ အချိန်ခဏလောက် နှစ်ယောက်စလုံး စက္ကန့်ပိုင်းလောက်ငြိမ်သက်သွားပီးနောက်...."အား! အ..အစ်ကိုဘယ်တုန်းကရောက်လာတာလဲ"
"ဟင်...ဟို အခုလေးတင်ရောက်လာတာ"
နှစ်ခြင်းမှာလည်း ရုတ်တရက် ယောင်ရမ်းရမ်းနဲ့သာ ပြန်ဖြေမိလိုက်သည်။
YOU ARE READING
မောင့်အနှစ် (Complete)
Romanceအနှစ်က မောင့်နှလုံးအေးဆေးလေး🩷 (ဒုတိယအကြိမ်ပုံဖော်မိတဲ့ bl fiction လေးပါ) သစ်တောစိမ်းလေးကိုဖတ်ရမှာပါနော်😁