part 22(zawgyi)

728 16 0
                                    

လူက ကြီးကြီးမားမားဘာမှမဖြစ်တာမို့ ဆရာဝန်ကတစ်ညပဲအိပ်ခိုင်းကာ အိမ်ပြန်လို့ရပြီဆိုတာကြောင့် အမေတို့ဆီလှမ်းဖုန်းဆက်ရ၏။ မဏ္ဍိုင်က အိမ်ကလူတွေအလုပ်ရှုပ်နေမှာစိုးတာကြောင့် ပြန်မလာခိုင်းတော့ပဲ ကိစ္စအ၀၀ကို သူပဲဦးဆောင်လုပ်ပေး၍ အိမ်ထိလိုက်ပို့ပေးသည်။ အစကတော့ လိုက်ပို့ပေးပြီးပြန်မယ်ထင်သော်လည်း ဆရာသမားကအိမ်ရောက်တော့ ခပ်တည်တည်နှင့် မေမေတို့ဆီကခွင့်တောင်းပြီး ညရေးညတာအဆင်ပြေအောင် အတူလာနေပေးချင်လို့ပါဆိုပြီး
ထပြောတော့သည်။ မေမေတို့ကလည်း သားလေးလာအိပ်ပေးရင် အဆင်ပြေတာပေါ့ အန်တီတို့ဆို သားကအားနာတာနဲ့ ဘာမှခိုင်းမှာမဟုတ်ဘူးရယ်ဆိုကာ
၀မ်းပမ်းတသာပင်လက်ခံလိုက်လေ၏။ အဲ့လိုနဲ့ ဆေးရုံကနေ သူ့အခန်းထိပါလာခဲ့တော့သည်။

"အစ်ကို ကျွန်တော်ပြီးရင်အ၀တ်အစားတွေပြန်ယူချေအုံးမယ်နော်"

"ရပါတယ်ကွာ ငါလက်လေးပဲမကောင်းတာပါ။
ကျန်တာအကုန်ကောင်းတယ်ပူမနေနဲ့ ပြီးတော့တစ်ညတစ်လေပဲ ငါ့ဆီကအ၀တ်အစားတွေယူဝတ်လို့ရပါတယ် နဲနဲကြီးတာရှာဝတ်လိုက်"

"အင်း ဒီညတော့အဲ့လိုလုပ်လိုက်မယ်လေ မနက်ဖြန်မှပြန်ယူလိုက်တော့မယ်"

"ဟမ်! မင်းကဘယ်နှစ်ညအိပ်မှာမို့လဲ"

"အစ်ကိုလက်ပတ်တီးဖြေရတဲ့ထိလေ"

"ဘာ!"

ဒီတစ်ညပဲအိပ်မယ်ထင်တာ ပတ်တီးဖြေတဲ့ထိဆို ၁၀ရက်ကျော်လောက်ထိ ဒီမှာပဲနေမှာပေါ့...?

"မင်း အလုပ်များပါတယ် ငါကရ"

"အနှစ်ရဲ့ဝေယာဝေစ္စတွေကို တခြားသူလုပ်ပေးတာ
မလိုချင်လို့"

"....."

"ကျွန်တော်ပဲအစစအရာရာအကုန်လုပ်ပေးခွင့်ရချင်တာမို့ မငြင်းပါနဲ့ အလုပ်လည်းမရှုပ်ပါဘူး"

ဒီလိုဆိုမှတော့ ဘာများတတ်နိုင်အုံးမှာလဲ နေပေါ့လေ...။လူပိုရှိတော့ သူလည်းပိုအဆင်ပြေသွားတာပေါ့။ပြောရရင် ယောင်္ကျားလေးချင်းကျ နေရတာလဲပိုလွတ်လပ်ပြီး အဆင်ပြေတယ်လေ။

"အစ်ကိုရေချိုးချင်သေးလား လန်းသွားအောင်"

"အင်း ချိုးချင်တယ်...ကိုယ့်ကိုရေလေးစပ်ပေးပါလား မဏ္ဍိုင်အရင်ချိုးလိုက်လေ"

မောင့်အနှစ် (Complete)Where stories live. Discover now