အခုတလော အဖေ့အလုပ်တွေရော city mark အသစ်ဖွင့်ဖို့ကိစ္စတွေရောနှင့် နှစ်ခြင်းအလုပ်ရှုပ်နေရသည်။ city mark ကလည်းပြီးဖို့သိပ်မလိုတော့
သူဂျပန်မှာကတည်းက စထားတာဆိုတာ့ နောက်တစ်လလောက်ဆို အားလုံးအပြီးသတ်နိုင်လောက်သည်။"ကိုနှစ်ခြင်း အပြင်မှာ ကိုမဏ္ဍိုင်ရောက်နေပါတယ်"
"ဪ အင်းအင်း ခဏစောင့်ခိုင်းလိုက်ပါအုံး"
"ဟုတ်ကဲ့"
ဒါကတော့ ဒီအတောအတွင်းမှာ ထူးခြားသွားတဲ့အရာပါပဲ။ အလုပ်ရှုပ်နေလို့ အပြင်မှာသီးသန့်တွေ့ချိန်မရှိတာတောင် နေ့ခင်းစာစားချိန်ဆိုအချိန်မှန် ရောက်ရောက်လာတတ်လို့ ကောင်းခန့်ကတောင် မှတ်မိနေပြီ။
နေ့လည် ၁၂ဆိုတာနဲ့ကွက်တိရောက်လာပြီး သူမပြီးမချင်းထိုင်စောင့်နေတတ်သည်။ အဲ့ဒီတော့ ကိုယ်ကမလိုက်လို့မဖြစ်တော့။ အကြောင်းပြချက်ကတော့ အလုပ်ရှုပ်နေချိန် ထမင်းစားဖို့မေ့မှာစိုးလို့ အတူလာစားပေးတာဆိုပဲ။ လုပ်လက်စတွေ လက်စသတ်ကာ ကောင်းခန့်ကိုပြောပြီး အပြင်ထွက်လာခဲ့လိုက်၏။အပြင်ရောက်တော့ မဏ္ဍိုင်ကဖုန်းကြည့်ကာ သူ့ကိုစောင့်နေလေ၏။"စောင့်ရတာကြာသွားလား ကိုယ်လုပ်လက်စတွေမပြတ်တာနဲ့"
"မကြာသေးပါဘူး အစ်ကိုထမင်းစားချိန်ကျော်သွားမှာပဲစိုးတာ "
နူးနူးညံ့ညံ့နှင့် ပြောလာပုံက နှစ်ခြင်းကို အိုးတို့အမ်းတမ်းဖြစ်သွားစေသည်။ အဲ့လိုပါပဲ မဏ္ဍိုင်ဆိုတာ
မထင်ရင်မထင်သလို သူ့ကိုအနေခက်အောင်သိပ်လုပ်တတ်တာ။"သွားရအောင်လေ"
"ကျွန်တော့်ကားနဲ့ပဲလိုက်ခဲ့နော် ပြီးရင်ပြန်ပို့ပေးမယ်"
ဒါဟာလဲ ထုံးစံမပျက်ပါပဲ။ ကိုယ်က သူအလုပ်ရှုပ်မှာစိုးလို့ ကားယူခဲ့ချင်ပေမဲ့ မဏ္ဍိုင်ကတော့ဘယ်တော့မှအယူမခံ။ တစ်ခါတစ်ရံ ညနောက်ကျတဲ့အခါမျိုးဆို ကားကိုရုံးမှာထားခဲ့ခိုင်းကာ သူလာလာကြိုတတ်သေးသည်။
မသိရင် တကယ်အတွဲတွေလိုပင်။ မချစ်ဘူးဆိုသော်ငြား ခါးခါးသီးသီးမုန်းနေတာမဟုတ်တာမျိုးလည်းမဟုတ်လို့ ငြင်းဖို့ကျလည်းအဆင်မပြေ။ သို့သော် ခုလိုဂရုစိုက်ခံရတာကိုတော့ နှစ်ခြင်းစိတ်ထဲ သဘောကျမိ၏။ ဘယ်လိုပဲဆိုဆို မဏ္ဍိုင် သူ့အပေါ်စိတ်ရင်းနဲ့ချစ်တာကိုတော့ ခံစားမိပါသည်။
YOU ARE READING
မောင့်အနှစ် (Complete)
Romanceအနှစ်က မောင့်နှလုံးအေးဆေးလေး🩷 (ဒုတိယအကြိမ်ပုံဖော်မိတဲ့ bl fiction လေးပါ) သစ်တောစိမ်းလေးကိုဖတ်ရမှာပါနော်😁