5

219 43 26
                                    

( Unicode )




ရက်တွေလတွေ ကူးပြောင်းလို့ အချိန်တွေကလည်း တရွေ့ရွေ့နဲ့ကုန်ဆုံးခဲ့ပြီဖြစ်လေတယ် ။ အချိန်ရဲ့စီးဆင်းဖြတ်သန်းမှုတွေကြားထဲမှာ ဂျောင်ကုနဲ့ယွန်းဂီဟာလည်း တဖြည်းဖြည်းနဲ့အရွယ်ရောက်လာခဲ့ပြီဖြစ်လေတယ် ။

အခုဆိုရင် ဂျောင်ကုရော ယွန်းဂီရော အထက်တန်းကျောင်းသားတွေဖြစ်နေကြပြီဖြစ်လေတယ် ။ အရွယ်ရောက်လာသည်နှင့်အမျှ နှစ်ယောက်လုံးဟာ ကြည့်ကောင်းချောမောလာကြလေတယ် ။

ဂျောင်ကုဟာ မြင့်မားတဲ့အရပ် အမြဲလို တည်နေတဲ့မျက်နှာနဲ့အတူ အေးချမ်းစွာနေတတ်မှုတွေကြောင့် ကောင်မလေးတွေကြားမှာ ရေပန်းစားသလို ယွန်းဂီဟာလည်း သူ့ရဲ့ဖြူစွတ်တဲ့အသားအရည်နဲ့လိုက်ဖက်တဲ့ ဆံပင်အရောင်တို့ကို ခနခနပြောင်းလေ့ရှိပြီး တစ်ခါတရံသာမြင်ရခဲတဲ့ လှပတဲ့အပြုံးတို့ကြောင့် သဘောကျတဲ့ကောင်မလေးတွေ ဝိုင်းဝိုင်းလည်လေ့ရှိလေတယ် ။

သို့သော်လည်း အချိန်တွေ ဘယ်လောက်ကြာကြာ ဂျောင်ကုအပေါ်မှာထားတဲ့ ယွန်းဂီရဲ့ အမုန်းတို့ကပြောင်းလဲသွားခြင်းမရှိပါလေ ။

ငယ်စဉ်ကတည်းက အခုအချိန်အထိ ယွန်းဂီဟာ ဂျောင်ကုကို အနိုင်ကျင့်လျက်နှိပ်စက်လျက်ရှိနေသလို ဂျောင်ကုကလည်း ယွန်းဂီအပေါ်မှာ အမုန်းမပွားပဲသည်းခံလျက်သာရှိလေတယ် ။

Alarm သံမလိုပဲ ကျင့်သားရနေပြီဖြစ်တဲ့မျက်လုံးတို့က 6 နာရီဆိုရင် ပုံမှန်နိုးလာရပြီဖြစ်လေတယ် ။ အိပ်ရာကနိုးသည်နှင့် အရင်ဆုံးအိပ်ရာသိမ်းလိုက်မိလေတယ် ။ ထို့နောက် သူနဲ့အမေ့ရဲ့ အိပ်ရာကြားမှာကာထားတဲ့ လိုက်ကာကိုဖယ်လိုက်မိတယ် ။

အရင်ကတော့ အမေနဲ့အတူ တစ်အိပ်ရာတည်းအိပ်ပေမယ့် သူ အလယ်တန်း‌ကျောင်းသားဖြစ်ကတည်းက အမေက သူ့ကိုအိပ်ရာခွဲလိုက်လေတယ် ။  အခန်းရယ်လို့ သီးသန့်မရှိတာကြောင့် အရင်အတူအိပ်နေကျအခန်းကိုပဲ လိုက်ကာကာပြီး ခြားကာ အခန်းဖွဲ့ထားလိုက်လေတယ် ။

သူ အထက်တန်းကျောင်းသား ဖြစ်သည့်တိုင်အောင် အမေဟာ အိမ်ကြီးမှာအလုပ်လုပ်တုန်းပါပဲ ။ အခုလည်း အမေဟာ အရင်လိုပဲ သူ အိပ်ရာကမထခင်ကတည်းက အိမ်ကြီးဆီသွားပြီပဲဖြစ်လေတယ် ။

Absolute LoveWhere stories live. Discover now