17

271 41 25
                                    

( Unicode )

" နေသာရဲ့လား မာမီ...."

" နေသာပါတယ် သားရယ်.... သားနဲ့ ဂျောင်ကုရော အဆင်ပြေကြတယ်မလား...."

သူ့ဝေဒနာထပ် ယွန်းဂီကိုစိတ်ပူနေပြန်သည့် မာမီ့ရဲ့ ပိန်ကျသွားတဲ့လက်သွယ်သွယ်တို့ကို ကိုင်ကာ ယွန်းဂီ ပြုံးပြလိုက်မိလေတယ် ။

" ပြေပါတယ် မာမီရဲ့.... သားတို့အတွက် ဘာမှတွေးမပူနဲ့ မာမီနေကောင်းဖို့ပဲ အာရုံစိုက်နော်...."

" ဟုတ်ပါပြီ သားရယ်... ပြီးတော့ နေ့တိုင်းလာစရာမလိုပါဘူး သား ပင်ပန်းတာပေါ့ မာမီက အဆင်ပြေပါတယ်...."

" သားလည်း ဂျောင်ကု အလုပ်သွားရင် အိမ်မှာ တစ်ယောက်တည်းဖြစ်နေလို့ပါ... ပြီးတော့ သားရှိနေတော့ မာမီလည်းအားရှိတာပေါ့ မဟုတ်ဘူးလား...."

" ဟုတ်ပါပြီရှင်...."

ဒီရက်ထဲမှာ ယွန်းဂီ အိမ်အလုပ်တွေကို ပစ်ထားပြီးတော့ မာမီ့ကိုသာအချိန်ပေးဖြစ်လေတယ် ။ ဒါပေမယ့် ဂျောင်ကုအတွက် မနက်စာနဲ့ညစာကိုတော့ မပျက်မကွက် ပြင်ဆင်ပေးဖြစ်တယ်လေ ။

" အိမ်ပြန်ရင် မနေ့ကအသစ်လုပ်ထားတဲ့အရန်ဟင်းတွေယူသွားဦးနော် သားလေး...."

" ဟိုတစ်နေ့က ယူသွားတာတွေတောင်ရှိပါသေးတယ် မာမီရယ်... အိမ်မှာလည်း သားနဲ့ ဂျောင်ကုနှစ်ယောက်တည်းပဲစားတဲ့ဟာကို...."

" မာမီ့သားလေးက ဘယ်တုန်းကများ ဒီလို အိမ်ထောင်ပြုတဲ့အရွယ်အထိရောက်သွားရတာလဲ... တစ်ခါတလေကျရင် သား အိမ်ထောင်ပြုသွားတာ အိပ်မက်လိုပဲခံစားနေရတယ်သိလား...."

" သားရောပဲ... ကိုယ့်ဘာသာအိမ်ထောင်ပြုထားတာကိုတောင် တစ်ခါတလေ မယုံနိုင်ဖြစ်နေတာ...."

သူပြောလိုက်တဲ့စကားကြောင့် မာမီပြုံးသွားတာကိုမြင်ရတော့ ယွန်းဂီလည်း စိတ်ချမ်းသာမိရလေတယ် ။

" နေ့လည်စာစားကြတော့မလား မာမီ... သား မာမီကြိုက်တဲ့ အမဲသားဆန်ပြုတ်လေး အဒေါ်ကြီးကိုပြုတ်ခိုင်းထားတယ်...."

" စားချင်စိတ်လည်းမရှိပါဘူး သားရယ်...."

" နည်းနည်းလောက်တော့ စားပါ မာမီရယ် ဆေးလည်းသောက်ရဦးမယ့်ဟာကို....."

Absolute LoveWhere stories live. Discover now