16

253 47 29
                                    

( Unicode )

" မင်းမှာလျှာမပါဘူးလား မင်ယွန်းဂီ...."

ဂျောင်ကုရဲ့ စကားသံအဆုံးမှာပဲ ထမင်းစားပွဲဝိုင်းပေါ်က ဟင်းပန်းကန်လေးတစ်ချပ်ကာ လွင့်ပျံပြီး နံရံနဲ့တိုက်မိကာ ကွဲကြေသွားခဲ့လေတော့တယ် ။

" ငါ သေချာမြည်းထားပါတယ်...."

" ဘာသေချာမြည်းထားတာလဲ... ဒီလောက် ငန်နေတဲ့ဟင်းကို အရသာမခံနိုင်လောက်အောင် မင်းလျှာက သုံးစားမရတော့ဘူးလား ဟုတ်လား...."

ဒေါသတကြီးနဲ့အော်လိုက်တဲ့ ဂျောင်ကုရဲ့ အော်သံကြောင့် ယွန်းဂီ ခေါင်းပါငုံ့သွားမိရလေတယ် ။

" မင်းနဲ့ငါ လက်ထပ်တာ ၁၀ ရက်ကျော်နေပြီ အခုထိ ဟင်းတစ်ခွက်ကိုတောင် စားလို့ရအောင်မချက်တတ်သေးဘူးလား...."

ဂျောင်ကုရဲ့အပြစ်တင်စကားတွေကို ယွန်းဂီ ဘာမှပြန်မပြောနိုင်ပဲ ငြိမ်ပြီးတော့သာ နားထောင်နေရလေတယ် ။ သူတကယ်ကို ကြိုးစားပမ်းစားချက်ပြုတ်ပေမယ့်လည်း အခုအချိန်အထိ ဂျောင်ကုဆီက ချီးကျူးစကားကြားရဖို့နေနေသာသာ သူချက်ပေးသမျှဟင်းတိုင်း လွှင့်ပစ်ခံနေရတယ်လေ ။

တစ်ခါမှမလုပ်ဖူးတဲ့ ဒီအိမ်မှုကိစ္စတွေဟာ သူ့အတွက် ခက်ခဲလွန်းတယ်ဆိုတာကို ဂျောင်ကု သိနိုင်မှာမဟုတ်ပေ ။ သူ့ကိုချီးကျူးစကားပြောသည်အထိမလိုချင်သော်လည်း သူချက်တဲ့ဟင်းကိုကောင်းကောင်းမွန်မွန်စားတာလေးမြင်ချင်မိပေမယ့် ဆုတောင်းတွေမပြည့်နိုင်ခဲ့ပါလေ ။

နေ့တိုင်း ယွန်းဂီ ချက်သမျှဟင်းတွေဟာ နံရံနဲ့ကြမ်းပြင်နဲ့သာ မိတ်ဆက်ရပေါင်းများနေပြီဖြစ်လေတယ် ။ အခုလည်း ခုနက ဂျောင်ကုပစ်ခွဲလိုက်တဲ့ ပန်းကန်အပိုင်းအစနဲ့ ဟင်းတွေကိုသိမ်းဆည်းနေတုန်းမှာပဲ ဂျောင်ကုက အလုပ်သွားဖို့ပြင်ဆင်ရန်အတွက် အခန်းဆီသို့ပြန်သွားပြီဖြစ်လေတယ် ။

မနက်အစောကြီးကတည်းက ပင်ပင်ပန်းပန်းထချက်ထားရသမျှတွေဟာ အရာမထင်ဖြစ်ရတာကြောင့် ယွန်းဂီ ဝမ်းနည်းမိရလေတယ် ။


" မင်ယွန်းဂီ...."

သိမ်းလို့ဆည်းလို့မပြီးသေးခင်မှာပဲအခန်းထဲကနေ အော်ခေါ်နေတာကြောင့် လုပ်လက်စတွေကို ပစ်ထားပြီး အခန်းထဲကို အပြေးသွားရလေတော့တယ် ။

Absolute LoveWhere stories live. Discover now