19

275 41 22
                                    

( Unicode )

" ဆေးတွေ သေချာ အချိန်မှန်မှန်သောက်နော်...."

" အင်းပါ သောက်ပါမယ်...."

ကုမ္ပဏီသွားခါနီး ဂျောင်ကုက မှာနေကျစကားကိုပင် ယွန်းဂီကိုထပ်မှာနေလေတယ် ။ တကယ်တော့ ယွန်းဂီ ထို ဟော်မုန်းဆေးတွေ မသောက်ချင်တော့ပေ ။

ဟော်မုန်းဆေးတွေသောက်ပြီးကတည်းက သူ အားမရှိသလို ခံစားရပြီး အမြဲတမ်းနုံးချိနေလေတယ် ။ ဆရာဝန်ကတော့ ဆေးသောက်နေစဉ်အတွင်း မောပန်းတာ အားအင်ကုန်ခန်းတာမျိုးတွေဖြစ်တတ်တယ်လို့ပြောပေမယ့် အခုလောက်အထိ ဖြစ်မယ်လို့တော့ မထင်ပေ ။

အခုလည်း ပန်းကန်တွေဆေးနေတုန်း ယိုင်ပြီး လဲကျတော့မတတ်ဖြစ်နေပေမယ့် အားတင်းပြီးတော့ အလုပ်လုပ်နေမိလေတယ် ။

ပန်းကန်တွေဆေးပြီးနောက် ဧည့်ခန်းမှာ ဆိုဖာနဲ့စားပွဲတွေကို ဖုန်သုတ်ရန် ထွက်လာတုန်းမှာပဲ သူ့မျက်လုံးတွေအမှောင်ကျသွားပြီး လဲကျသွားခဲ့ရလေတော့တယ် ။

" ဟာ.... ကားပြန်လှည့်ရတော့မှာပဲ...."

လမ်းတစ်ဝက်လောက်ရောက်တော့မှပဲ ဂျောင်ကု ဒီနေ့ အစည်းအဝေးအတွက် အချက်အလက်တွေကျန်ခဲ့တာကို သတိရမိတော့လေတယ် ။

မနေ့ညက မအိပ်ခင် စစ်ဆေးကြည့်ပြီးနောက် အိတ်ထဲပြန်မထည့်မိပဲ စားပွဲပေါ်မှာသာ တင်ခဲ့မိတာလေ ။ ဒီနေ့မနက်လည်း ယွန်းဂီ အိပ်ရာထနောက်ကျတာကြောင့် မနက်စာစားတာနောက်ကျသွားပြီ အမြန်ထွက်လာခဲ့ရတာနဲ့ အိတ်ထဲထည့်ဖို့မေ့သွားခြင်းဖြစ်လေတယ် ။

ဒါကြောင့် စိတ်ပျက်စွာနဲ့ ကားကိုအိမ်ဘက်သို့ ပြန်လှည့်လိုက်ရလေတော့တယ် ။ အစည်းအဝေးက နေ့လည်မှဖြစ်တာကြောင့် တော်သေးတယ် ။ မဟုတ်ရင် ဂျောင်ကု နောက်ကျတော့မည်ဖြစ်လေတယ် ။

" ယွန်းဂီ...."

အိမ်ထဲမဝင်ချင်တော့တာကြောင့် သွားယူခိုင်းရန် ယွန်းဂီကိုလှမ်းခေါ်ပေမယ့်လည်း ပြန်ထူးသံမကြားရတာကြောင့် ဂျောင်ကု တောက်တစ်ချက်ခေါက်ပြီး အိမ်ထဲဝင်ခဲ့လိုက်တော့လေတယ် ။

" ခေါ်မကြား အော်မကြားနဲ့ဘယ်ရောက်နေပြန်တာလဲ...."

မကျေနပ်စွာနဲ့ပြောပြီး ဧည့်ခန်းကိုအဖြတ်မှာတော့ စားပွဲနားမှာ လဲကျနေတဲ့ ယွန်းဂီကိုတွေ့လိုက်ရလေတယ် ။

Absolute LoveWhere stories live. Discover now