20

239 40 18
                                    

( Unicode )

ဆေးရုံနှစ်ရက်တက်ပြီးနောက်မှာတော့ ယွန်းဂီ နေပြန်ကောင်းသွားပြီဖြစ်တာကြောင့် ဆေးရုံဆင်းလာရလေတယ် ။ ဘာမှအရေးကြီးတဲ့ဝေဒနာမဟုတ်တာကြောင့် နှစ်ဖက်မိဘတွေကိုအသိမပေးပဲ နေခဲ့ကြလေတယ် ။

ဆေးရုံတက်တဲ့ နှစ်ရက်လုံးမှာ ဂျောင်ကုက အနားမှာနေပေးတာကြောင့် ယွန်းဂီ ကျေနပ်နေခဲ့ရတယ်လေ ။ ဒါကြောင့် ဖြစ်နိုင်ရင် ဆေးရုံကို တစ်ပတ်လောက်တောင် တက်ချင်စိတ်ပေါက်မိလေတယ် ။

" အိမ်ပြန်ရောက်ရင် နားနားနေနေပဲနေတော့... ဆရာဝန်လည်းမှာလိုက်တယ်မလား... အိမ်အလုပ်တွေလုပ်ဖို့လည်း ငါ အဒေါ်ကြီးတစ်ယောက်ငှားထားပြီးပြီ မနက်ဖြန်ကစပြီးလာလိမ့်မယ်... ဒီနေ့ညစာကို အဆင်ပြေတာတစ်ခုခုပဲမှာထားလိုက်...."

" အင်းပါ...."

တစ်သီတစ်တန်းမှာနေသည့် ဂျောင်ကုရဲ့ကားမောင်းနေတဲ့ပုံကို ယွန်းဂီ ခနခနခိုးကြည့်နေမိတယ်လေ ။ ရှပ်အင်္ကျီကို ခေါက်တင်ထားတာကြောင့် တက်တူးတွေကအတိုင်းသားပေါ်နေသလို စတီယာတိုင်ကိုကိုင်ထားတဲ့လက်တို့ဟာ သွေးကြောတွေနဲ့ထင်းနေလေတယ် ။

ဘေးတစ်စောင်းကြည့်ရတာတောင် တည်တင်းပြီး ယောက်ျားပီသတဲ့ထိုပုံကို သဘောကျမိတာ သူ့အလွန်တော့ ဟုတ်မယ်မထင်ပေ ။

" ဆင်းတော့...."

ခြံရှေ့ရောက်တော့ ဂျောင်ကုက ကားကိုခြံထဲတောင်မဝင်တော့ပဲ ယွန်းဂီကို ဆင်းခိုင်းလေတော့တယ် ။

" မင်းရော မဝင်တော့ဘူးလား...."

" မဝင်တော့ဘူး ကုမ္ပဏီသွားရမယ် အစည်းအဝေးကိုရက်ရွှေ့ထားရတာ...."

ဒါကြောင့် ယွန်းဂီလည်း ဘာမှဆက်မပြောတော့ပဲ သူ့ရဲ့အဝတ်အိတ်ကိုယူကာ ကားပေါ်ကနေဆင်းခဲ့လိုက်တော့လေတယ် ။

ယွန်းဂီ ကားပေါ်က ဆင်းသည်နှင့် ဂျောင်ကုလည်း ကားကိုမောင်းထွက်သွားခဲ့တော့လေတယ် ။ ယွန်းဂီလည်း တစ်ယောက်တည်း အိမ်ထဲကိုဝင်ခဲ့လိုက်ပြီး အခန်းထဲအရောက်မှာတော့ အဝတ်အိတ်ကို ဖွင့်ကာ ဆေးရုံတက်တုန်းက ဝတ်ထားတဲ့ အဝတ်အစားတွေကို ထုတ်ပြီး တစ်ခါတည်း အဝတ်လျှော်စက်ထဲထည့်ကာလျှော်လိုက်လေတယ် ။

Absolute LoveWhere stories live. Discover now