15

310 46 16
                                    

( Unicode )

ရေခဲသေတ္တာကိုဖွင့်ပြီး ဟင်းချက်စရာတွေထုတ်လိုက်သော်လည်း ဘာချက်ရမလဲဆိုတာကိုတော့ ယွန်းဂီ မသိသေးပေ ။ ဒါကြောင့် လိုင်းပေါ်ကနေ ဟင်းချက်နည်းတွေရှာပြီးတော့ အလွယ်ကူဆုံးတစ်ခုကိုချက်ကြည့်ရန်ဆုံးဖြတ်လိုက်လေတယ် ။

တတ်နိုင်သလောက်ကြိုးစားပြီး အလွယ်ကူဆုံးချက်နည်းကိုရှာဖွေသော်လည်း တစ်ခါမှဟင်းမချက်ဖူးတဲ့သူ့အတွက် အားလုံးကခက်ခဲတဲ့အရာတွေသာဖြစ်လို့နေတယ် ။

အမှန်ပြောရရင် ဟင်းချက်ရန်နေနေသာသာ မီးဖိုကိုတောင် ဘယ်လိုအသုံးပြုရမလဲမသိတာကြောင့် အခက်တွေ့နေရလေတယ် ။

ဒါကြောင့် မာမီ့ဆီကိုဖုန်းဆက်ပြီးတော့ မေးလိုက်ရန် ယွန်းဂီ စဉ်းစားမိလေတယ် ။

* ဟဲလို သားလေး....*

* ဟဲလို မာမီ့ကိုမေးစရာရှိလို့....*

* မေးလေ သားလေးရဲ့....*

* ဟိုလေ မီးဖိုကိုဘယ်လိုဖွင့်ရလဲဟင် မာမီ....*

* သားက ဘာလုပ်မလို့လဲ....*

အမေ့ဆီက အံ့ဩတကြီးနဲ့မေးတဲ့အသံကိုကြားလိုက်ရတာကြောင့် ယွန်းဂီ ခေါင်းကုတ်လိုက်မိလေတယ် ။

* သား ဂျောင်ကုအတွက် ဟင်းချက်ပေးချင်လို့ပါ....*

ယွန်းဂီရဲ့စကားအဆုံးမှာတော့ မာမီ့ဆီက ရယ်သံထွက်လာခဲ့လေတော့တယ် ။

* အမလေးတော် အိမ်မှာတုန်းက ဘာအလုပ်မှစမလုပ်ခဲ့တဲ့သူက ယောက်ျားရတော့မှပဲ ဟင်းတောင်ချက်ပေးဦးမယ်ဆိုပဲ... ကောင်းပါပြီရှင် အမေကပြောပြရသေးတာပေါ့....*

မာမီရှင်းပြသမျှတွေအကုန် ယွန်းဂီ စာအုပ်တစ်အုပ်ထဲမှာလိုက်ရေးမှတ်ထားလိုက်ပြီး ဟင်းချက်နည်းအချို့ကိုပါ မာမီ့ကိုမေးလိုက်မိလေတယ် ။

* ကျေးဇူးပါနော် မာမီ....*

* ရပါတယ်သားရယ် ဂရုလည်းစိုက်ဦးနော် ဒါနဲ့... သားတို့အိမ်မှာ အိမ်အကူမရှိဘူးလား...*

* မရှိဘူး မာမီ... သားတို့နှစ်ယောက်တည်းပဲရှိတယ်ဆိုတော့ အိမ်အလုပ်တွေသားလုပ်ကြည်ြချင်လို့ပါ... ပြီးတော့ သားမှာ တခြားအပြင်အလုပ်လုပ်စရာမှမရှိတာ....*

Absolute LoveWhere stories live. Discover now