( Unicode )
" စိတ်လှုပ်ရှားနေလား ယွန်းဂီ...."
" အင်း... နည်းနည်းတော့ စိတ်လှုပ်ရှားတယ်..."
ရက်တွေနာရီတွေရွေ့လျားတာမြန်ပုံကတော့ ဒီနေ့ဆိုရင် ယွန်းဂီနဲ့ ဂျောင်ကုရဲ့လက်ထပ်ပွဲနေ့ကိုရောက်လာခဲ့ပြီဖြစ်လေတယ် ။
အစိမ်းနုရောင် ဝတ်စုံနဲ့ ကိုယ့်ကိုယ်ကိုယ် မှန်ထဲမှာကြည့်လိုက်ပြီးနောက် အခုအချိန်ကနေစပြီး သူဟာ အိမ်ထောင်သည်တစ်ယောက်ဖြစ်ရတော့မယ်ဆိုတာကို မယုံကြည်နိုင်ဖြစ်နေရလေတယ် ။
ဒီနေ့ မင်္ဂလာဆောင်ပြီဖြစ်သော်လည်း ပွဲစီစဉ်သည့်တစ်လျှောက်ရော အခုရော
ဂျောင်ကုကို တွေ့ရသည့်အချိန်က လက်တစ်ဖက်တောင်မပြည့်ချင်ပေ ။ တွေ့လိုက်ရင်လည်း စကားပြောချိန်တောင်မရှိလိုက်ပဲ ခနလေးသာဖြစ်လေတယ် ။ယွန်းဂီကလည်း မျက်နှာချင်းဆိုင်ရမှာခက်ခဲနေတာနဲ့အတော်ပဲဖြစ်သော်လည်း ဘာပဲဖြစ်ဖြစ် နှစ်ယောက်အတူ ဘဝတစ်ခုကိုတည်ထောင်ကြရတော့မှာဖြစ်တာကြောင့် စကားတော့ပြောချင်မိခဲ့တယ် ။ ပြီးတော့ အတိတ်ကဖြစ်ခဲ့တဲ့အရာတွေအတွက်လည်း သူမှားခဲ့ကြောင်းပြောပြချင်သေးတယ် ။
" သတို့သား အဆင်သင့်ပြင်ထားတော့နော် နောက် ၅ မိနစ်လောက်ဆိုရင် ခန်းမထဲဝင်ရတော့မယ်...."
" စိတ်အရမ်းမလှုပ်ရှားနဲ့နော် ငါ ခန်းမထဲစွားတော့မယ်...."
မင်ဟွာက ယွန်းဂီရဲ့လက်ကိုဆုပ်ကိုင်ပြီးတော့ အားပေးစကားပြောကာ ထွက်သွားခဲ့လေတယ် ။
" အဆင်သင့်ဖြစ်ပြီလား သား အဖေတို့သွားကြရအောင်...."
မင်ဟွာထွက်သွားပြီးနောက်မှာပဲ အဖေကရောက်လာခဲ့ပြီး ယွန်းဂီကိုလာခေါ်လေတယ် ။
" လိမ်လိမ်မာမာနေနော်သား... အိမ်ထောင်ပြုပြီးရင် ကိုယ့်အိမ်ထောင်မပြိုပျက်အောင် မပျက်စီးအောင် ထိန်းသိမ်းရတယ်... အဖေတို့ဆီမှာဆိုးသလိုမျိုး ဂျောင်ကုကိုသွားဆိုးလို့မရဘူးနော်...."
နူးညံ့ကြင်နာတဲ့အဖေ့ရဲ့ ဆုံးမစကားတွေကြောင့် ယွန်းဂီ မျက်ရည်ဝဲလာမိရလေတယ် ။
YOU ARE READING
Absolute Love
Fanfictionငါ့ရဲ့ချစ်ခြင်းမေတ္တာကို ပျက်ရယ်ပြုတဲ့မင်းအတွက် ငါခံစားရတဲ့ နာကျင်မှုထပ်ပိုဆိုးတဲ့ နာကျင်မှုကို ခံစားစေရမယ် { YoonKook } ငါ့ရဲ့ချစ်ခြင်းမေတ္တာကို ပျက်ရယ်ပြုတဲ့မင်းအတွက် ငါခံစားရတဲ့ နာကျင်မှုထပ်ပိုဆိုးတဲ့ နာကျင်မှုကို ခံစားစေရမယ် { YoonKook }