18

284 40 22
                                    

( Unicode )

ခွဲခန်းရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ယွန်းဂီ စိတ်လှုပ်ရှားနေမိတယ်လေ ။ စိတ်ထဲကနေလည်း မာမီ အဆင်ပြေပြေနဲ့ ခွဲစိတ်မှုအောင်မြင်စေရန်အတွက် ယွန်းဂီ တောက်လျှောက်ဆုတောင်းနေမိလေတယ်

" ထိုင်ပါဦးလား သားရယ်...."

ဒယ်ဒီက ယွန်းဂီရဲ့လက်ကိုဆွဲပြီး သူ့ဘေးကခုံမှာထိုင်ခိုင်းစေတော့မှသာ ယွန်းဂီ ထိုင်မိတော့လေတယ် ။ ဒါပေမယ့် အကြည့်တို့ကတော့ ပိတ်ထားဆဲဖြစ်တဲ့ ခွဲစိတ်ခန်းတံခါးတို့ဆီကိုသာရောက်နေခဲ့တယ် ။

" ဂျောင်ကုကို ကျေးဇူးတင်တယ်လို့ပြောပေးပါဦး...."

ဒယ်ဒီနောက်တစ်ကြိမ်စကားပြောလာတော့ ယွန်းဂီ ဒယ်ဒီ့ကိုလှည့်ကြည့်လိုက်မိလေတယ် ။

" ဟုတ် ပြောထားပါတယ်....."

ဒယ်ဒီအမြင်မှာတော့ ဂျောင်ကုဟာ မာမီခွဲစိတ်ဖို့အတွက် ပိုက်ဆံထုတ်ပေးတဲ့ သမက်လိမ္မာလေးတစ်ယောက်လို့မြင်နေနိုင်လေတယ် ။ ဒါပေမယ့် ဒီခွဲစိတ်မှုအတွက် ဘယ်လိုအပေးအယူလုပ်ခဲ့ရလဲဆိုတာကိုတော့ ယွန်းဂီ ကိုယ်တိုင်သာ အသိဆုံးပင်ဖြစ်လေတော့တယ် ။

ဒါပေမယ့်လည်း ဂျောင်ကုက မာမီ့ကိုအရင်တင်ထားတဲ့ဆေးရုံမှာဆက်မထားတော့ပဲ ကိုရီးယားရဲ့နာမည်အကြီးဆုံးဆေးရုံမှာပြောင်းထားပေးပြီး အတော်ဆုံးခွဲစိတ်ဆရာဝန်နဲ့ခွဲစေတာကြောင့် ဒယ်ဒီကပိုလို့ကျေးဇူးတင်နေမိခြင်းဖြစ်လေတယ် ။

ထို့နောက်မှာတော့ သားအဖနှစ်ယောက်လုံး ဘာစကားမှထပ်မပြောဖြစ်တော့ကြပေ ။ နာရီအတော်အကြာမှာတော့ မာမီ့ကိုခွဲခန်းထဲကထုတ်လာချိန်မှာ သူတို့သားအဖနှစ်ယောက်လုံး အပြေးတစ်ပိုင်းရောက်ရှိသွားတော့လေတယ် ။

" လူနာကိုဘာမှစိတ်ပူစရာမလိုတော့ပါဘူး  အကုန်လုံး အဆင်ပြေသွားပါပြီ .... အခန်းထဲကိုပို့ပေးပါ့မယ်...
အခုလောလောဆယ်တော့ မေ့ဆေးအရှိန်ကြောင့်သတိရဦးမှာမဟုတ်သေးပါဘူး..."

" ကျေးဇူးတင်ပါတယ် ဒေါက်တာ ...."

သားအဖနှစ်ယောက်လုံး ခွဲစိတ်ဆရာဝန်ကိုကျေးဇူးတင်စကားပြောလိုက်မိကြလေတယ် ။ မာမီ့ကိုအခန်းထဲပို့ပြီးနောက်မှာတော့ ကုတင်ရဲ့ဘေးတစ်ဘက်တစ်ချက်ဆီမှာ သားအဖနှစ်ယောက်ထိုင်ပြီး မာမီသတိရလာမှာကိုစောင့်နေမိကြတယ် ။

Absolute LoveWhere stories live. Discover now