10

212 42 37
                                    

( Unicode )




အခုတလော ကျောင်းလာရတာ ဂျောင်ကု စိတ်မပါပေ ။ အထူးသဖြင့် ယွန်းဂီကိုကောင်မလေးတစ်ယောက်နဲ့တွဲမြင်ရတဲ့အချိန်မှာပေါ့ ။ အရင်ကတော့ ဘယ်ကောင်မလေးမှကို မတွဲခဲ့တဲ့သူက အခုတော့ ဘာစိတ်ကူးပေါက်ပြီး တစ်ယောက်ပြီးတစ်ယောက်တွဲနေလဲဆိုတာကို ဂျောင်ကု မတွေးတတ်တော့ပေ ။

ဒီနေ့လည်း သူတစ်ခါမှမမြင်ဖူးတဲ့ ကောင်မလေးတစ်ယောက်က ယွန်းဂီ အနားမှာရှိနေပြန်ပြီလေ ။ ကောင်မလေးတစ်ယောက်ကိုလည်း ၃ ရက်ထပ်ပိုမတွဲပဲ တစ်ယောက်ပြီးတစ်ယောက်ပြောင်းနေတဲ့ ယွန်းဂီရဲ့စိတ်ကို ဂျောင်ကုတကယ်ပင် နားမလည်နိုင်တော့ပေ ။

ထိုမြင်ကွင်းတွေကို နေ့တိုင်း မြင်နေရတဲ့သူ့အဖို့ တစ်ကိုယ်လုံး မီးမြှိုက်ခံနေရသလို ပူလောင်လွန်းလှပေတယ် ။ အရင်ကတော့ ကျောင်းတက်ရင် ယွန်းဂီရဲ့မျက်နှာလေးမြင်နေရရုံနဲ့ပျော်နေပါပြီဆိုတဲ့ သူ့စိတ်တွေဟာ အခုတော့ လေးလံနေခဲ့ရပြီဖြစ်တယ် ။

" ကျောင်းမတက်ခင် အပြင်မှာသွားနေရအောင် မင်ဆော့..."

ကောင်မလေးနဲ့ မျက်လုံးချင်းဆုံကာ ပျော်ရွှင်စွာနဲ့ စကားပြောနေတဲ့ ယွန်းဂီရဲ့ပုံကိုမြင်ရတာလောက် နာကျင်စရာကောင်းတဲ့အရာမရှိတော့တာကြောင့် ဂျောင်ကု အခန်းအပြင်မှာပဲသွားနေရန် စိတ်ကူးလိုက်မိတယ် ။

" အင်း သွားကြမယ်လေ..."

မင်ဆော့နဲ့အတူ ကျောင်းဝန်းထဲထွက်လာတာ့မှပဲ ဂျောင်ကုရဲ့စိတ်တွေပေါ့ပါးသွားရတော့လေတယ် ။

" မင်းကိုကြည့်ရတာ ပင်ပန်းလိုက်တာကွာ..."

ဂျောင်ကုဘာဖြစ်နေလဲဆိုတာကို သိတဲ့တစ်ဦးတည်းသောသူဖြစ်တဲ့မင်ဆော့က ဂျောင်ကုကိုကြည့်ရင်းပြောလာလေတယ် ။

" ငါလည်း ပင်ပန်းနေရတာပေါ့ကွာ... ဖြစ်နိုင်ရင်တော့ သူနဲ့အဝေးဆုံးကိုထွက်ပြေးသွားချင်တယ်... ဒါပေမယ့် အဲ့လိုထွက်ပြေးဖို့လည်း သတ္တိမရှိဘူးကွ... သူ့အနားမှာနေရင်းနာကျင်နေရတာထပါ သူ့ကိုမတွေ့ရရင် ပိုပြီးနာကျင်ရမှာ ငါသိနေတယ်..."

ဂျောင်ကု အစား သက်ပြင်းမောချပေးရုံကလွဲပြီးတော့ မင်ဆော့လည်း ဘာမှမတတ်နိုင်တော့ပေ ။ ချစ်တတ်တယ်ဆိုတဲ့စိတ်ကို ခွဲထုတ်ပြီး လွှင့်ပစ်လို့ရရင်တော့ ဂျောင်ကုဆီကနေ ခွဲထုတ်ပေးလိုက်ချင်မိတယ် ။

Absolute LoveWhere stories live. Discover now