( Unicode)
" သားလုပ်တဲ့ကိစ္စကို သားအပြည့်အဝတာဝန်ယူနိုင်လား ဂျောင်ကု ....."
တည်ငြိမ်ပြီး အေးဆေးတဲ့အဖေ့ရဲ့စကားတွေကြောင့် ဂျောင်ကု အဖေ့ကိုတည့်တည့်ကြည့်လိုက်မိတယ် ။
" ဟုတ်ကဲ့အဖေ... ကျွန်တော် တာဝန်ယူနိုင်ပါတယ်...."
" ဥက္ကဌမင်ကို ပိုက်ဆံချေးလိုက်တဲ့ကိစ္စကို အဖေစိတ်မပူပါဘူး.... လုပ်ငန်းနဲ့ပတ်သတ်ပြီး သားကကျွမ်းကျင်နေပြီမို့လို့ စိတ်ချပါတယ်... အဖေစိတ်ပူတာက သူ့သားနဲ့လက်ထပ်ဖို့ကိစ္စပဲသား....."
အဖေပြောသလိုပင် အိမ်ထောင်ပြုတယ်ဆိုတာ လွယ်ကူတဲ့အရာမဟုတ်မှန်း ဂျောင်ကုသိပါတယ် ။ သူစိမ်းနှစ်ယောက် ပေါင်းဖက်ခြင်းဆိုတဲ့အရာမှာ အဆင်မပြေမှုတွေ ညှိုနှိုင်းခြင်းတွေ စတဲ့အခက်အခဲတွေအများကြီးရှိတယ်ဆိုတာ ဂျောင်ကု သိပေမယ့် သူ ယွန်းဂီကိုလက်ထပ်တယ်ဆိုတာ ချစ်လွန်းလို့ အတူနေချင်လွန်းလို့မှမဟုတ်တာလေ ။
" စိတ်ချပါ အဖေ... သား အဆင်ပြေအောင်ကြိုးစားမှာပါ အိမ်ထောင်ရေးကို မပျက်စီးအောင်ထိန်းသိမ်းမှာပါ...."
" အဖေ့သားကို အဖေယုံကြည်ပါတယ်...."
ဂျောင်ကု လက်ထပ်တော့မယ်လို့ ဖုန်းဆက်အကြောင်းကြားလိုက်တာကြောင့် အဖေနဲ့အမေက ခရီးကနေ ချက်ချင်းပင်ပြန်လာခဲ့ကြတယ်လေ ။
ပြန်ရောက်သည်နှင့်အဖေက ဂျောင်ကုကို စာကြည့်ခန်းထဲခေါ်ပြီး သားအဖနှစ်ယောက်တည်း ဆွေးနွေးနေကြခြင်းဖြစ်လေတယ် ။
" ကျေးဇူးပါ အဖေ... အဖေ့ရဲ့ယုံကြည်မှုတွေမပျက်စီးအောင် သားကြိုးစားမှာပါ...."
" ဒါဆို အဖေဘာလုပ်ပေးရမလဲ သားတို့သီးသန့်နေဖို့အတွက် ကုမ္ပဏီနဲ့နီးတဲ့နေရာမှာ ခြံနဲ့အိမ်ဝယ်ပေးမယ်လို့စိတ်ကူးထားတယ်... ဥက္ကဌ မင်တို့က အခုမှ စီးပွားပြန်ထူထောင်ကားဆိုတော့ သူတို့ကို ဘာမှတောင်းဆိုမနေတော့ပဲ မင်္ဂလာပွဲနဲ့ပတ်သတ်တဲ့ကိစ္စတွေအားလုံးအဖေပဲတာဝန်ယူပေးမယ်လေ...."
" မင်္ဂလာပွဲကို ခပ်ရိုးရိုးနဲ့အရေးကြီးတဲ့လူနည်းနည်းလောက်ပဲဖိတ်ချင်တယ် အဖေ... ကျွန်တော် ခမ်းခမ်းနားနားလုပ်ရတာတွေသဘောမကျဘူး...."
YOU ARE READING
Absolute Love
Fanfictionငါ့ရဲ့ချစ်ခြင်းမေတ္တာကို ပျက်ရယ်ပြုတဲ့မင်းအတွက် ငါခံစားရတဲ့ နာကျင်မှုထပ်ပိုဆိုးတဲ့ နာကျင်မှုကို ခံစားစေရမယ် { YoonKook } ငါ့ရဲ့ချစ်ခြင်းမေတ္တာကို ပျက်ရယ်ပြုတဲ့မင်းအတွက် ငါခံစားရတဲ့ နာကျင်မှုထပ်ပိုဆိုးတဲ့ နာကျင်မှုကို ခံစားစေရမယ် { YoonKook }