24

343 39 13
                                    

( Unicode )

" မိုမိုလေးရေ ဒယ်ဒီဆီလာပါဦးကွာ...."

အလုပ်ကပြန်ရောက်သည်နှင့် ယွန်းဂီ လက်ထဲက သမီးကိုလှမ်းခေါ်လိုက်တာ‌ကြောင့် ယွန်းဂီ လက်လွှဲပေးလိုက်ရလေတယ် ။

" သမီးလေးက ဒယ်ဒီကိုလွမ်းနေတာလား..."

သမီးရဲ့ပါးကို အနမ်းပေးရင်း မေးနေတဲ့ ဂျောင်ကုကို ယွန်းဂီ ပြုံးပြီးကြည့်နေမိလေတယ် ။ သမီးကလည်း ဂျောင်ကုရဲ့ပါးကိုကိုင်ပြီး စကားတွေ ဝူးဝူးဝါးဝါးနဲ့ပြောနေခဲ့တယ်လေ ။

အခုဆိုရင် သမီးက ၆ လရှိပြီဖြစ်တာကြောင့် ယွန်းဂီတို့ပြောတဲ့စကားတွေကို နားလည်နေပြီဖြစ်သလို တအဲအဲနှင့် ပြန်ပြောတတ်နေပြီဖြစ်လေတယ် ။

" သမီးကို ညနေစာကျွေးပြီးပြီလား ယွန်းဂီ..."

" အခုပဲကျွေးပြီးတာလေ..."

၆ လပြည့်ပြီဖြစ်တာကြောင့် သမီးကို ဖြည့်စွက်စာတွေစကျွေးနေပြီဖြစ်လေတယ် ။

" ကုန်အောင်ရော စားရဲ့လား..."

" စားတာပေါ့ ထပ်တောင်လိုချင်နေတာ အရမ်းများသွားမှာစိုးလို့ မကျွေးတော့တာ..."

" ဒယ်ဒီသမီးလေးက အစားပုတ်လေးပေါ့လေ ဟုတ်လား... ဒယ်ဒီရေချိုးလိုက်ဦးမယ် ဖေဖေနဲ့အတူနေဦးနော်...."

ဂျောင်ကုက သမီးကို ယွန်းဂီလက်ထဲပြန်ထည့်ပေးပြီးနောက် ရေချိုးရန်ထွက်သွားတာကြောင့် ယွန်းဂီလည်း အဒေါ်ကြီး ညစာပြင်နေတာကို သွားကြည့်လိုက်မိလေတယ် ။

" အကုန် အဆင်သင့်ဖြစ်ပြီနော် ယွန်းဂီလေး..."

" ဟုတ်ကဲ့ အဒေါ်ကြီး ကျေးဇူးပါနော်..."

သူ့အလုပ်ချိန်ပြီးပြီဖြစ်တာကြောင့် အဒေါ်ကြီးက အိမ်ပြန်သွားပြီဖြစ်လေတယ် ။ ဒါကြောင့် ယွန်းဂီလည်း သမီးကိုချီကာ ထမင်းဝိုင်းမှာထိုင်ရင်းစောင့်နေမိလေတယ် ။

" သမီးကို မသိပ်သေးဘူးလား ယွန်းဂီ..."

" သိပ်မလို့ကို တက်ကြွနေတယ်လေမျက်လုံးကိုပြူးနေတာပဲ..."

အရင်နေ့က ညနေစာစားပြီးတာနှင့် သမီးက အိပ်လေ့ရှိတာလေ ။ ဒီနေ့တော့ တစ်ချက်လေးမှ အိပ်ချင်တဲ့ပုံမပေါ်ပဲ လန်းဆန်းနေလေတယ် ။ အခုလည်း စားပွဲပေါ်က ဇွန်းကိုလှမ်းယူပြီး ကိုက်နေပြန်တာကြောင့် ယွန်းဂီ ပြန်ယူလိုက်ရလေတယ် ။

Absolute LoveWhere stories live. Discover now