7

228 42 27
                                    

( Unicode )

ကျောင်းဆင်းခေါင်းလောင်းသံကြားတော့ အားလုံး ဆရာမကို နှုတ်ဆက်ပြီး လွယ်အိတ်ကိုယ်စီလွယ်ကာ အလျှိုလျှို ထွက်လာကြလေတယ် ။

" နောက်တစ်ပတ်မှတွေ့မယ်နော် ဂျောင်ကု...."

" အင်း... တာ့တာ..."

ဒီနေ့ကသောကြာနေ့ဖြစ်တာကြောင့် နောက်တစ်ပတ်မှတွေ့မယ်ဟုပြောပြီး သူ့ကိုလက်ပြကာနှုတ်ဆက်သွားတဲ့မင်ဆော့ကိုပြန်နှုတ်ဆက်လိုက်ပြီးနောက် ဂျောင်ကုလည်း ကျောပိုးအိတ်လွယ်ကာ စက်ဘီးထားရာနေရာသို့ထွက်လာခဲ့လိုက်တယ် ။

ထိုစဉ်မှာပဲ ဂျောင်ကုရဲ့စက်ဘီးအနားကနေ ခပ်သုတ်သုတ်နဲ့ထွက်သွားတဲ့ ယွန်းဂီတို့ကိုတွေ့လိုက်ရတာကြောင့် သူ့စက်ဘီးကိုတစ်ခုခုလုပ်သွားပြီဆိုတာ ဂျောင်ကု သတိထားလိုက်မိလေတယ် ။

ဒါကြောင့် စက်ဘီးနားရောက်သည်နှင့် သေချာစစ်ဆေးကြည့်လိုက်တော့ ရှေ့ဘီးရော နောက်ဘီးရောကို ဖောက်ထားတာကိုတွေ့လိုက်ရတာကြောင့် လေပူကိုတစ်ချက်မှုတ်ထုတ်ပြီး စက်ဘီးကိုတွန်းကာ အိမ်ပြန်လာခဲ့လိုက်တော့တယ် ။

ယွန်းဂီ ဒီလိုလုပ်တာ ဒါနဲ့ဆိုရင် ဘယ်နှစ်ခေါက်မြောက်ရှိနေပြီလဲဆိုတာတောင် မသိတော့ပေ ။ အမြဲတမ်းလိုလို သူ့စက်ဘီးရဲ့ဘီးတွေကိုဖောက်ထားတတ်သလို တစ်ခါတရံ ကျောင်းထဲမှာတင် စက်ဘီးကိုဖွက်ထားလို့ လိုက်ရှာပြီး အိမ်ပြန်နောက်ကျရပေါင်းလည်းးမနည်းတော့ပေ ။

သို့သော်လည်း အချစ်ကြီးသူ ဂျောင်ကုမှာတော့ တစ်ခါလေးမှအပြစ်မယူ စိတ်မဆိုးနိုင်ပဲ ကလေးဆိုး‌လိုပဲလို့တောင် ထင်မိနေလေတယ် ။

အခုလည်းကျောင်းကနေ ၃မှတ်တိုင်လောက်ဝေးတဲ့ အိမ်ကို စက်ဘီးတွန်းကာပြန်လာရပေမယ့် ယွန်းဂီကိုစိတ်ဆိုးနေတဲ့စိတ်က တစ်စက်လေးမှမရှိပဲ တစ်နေကုန် ကျောင်းမှာထိုင်နေရတာကြောင့် အညောင်းပြေတယ်လို့တောင် ကြံဖန်တွေးနေမိလေတယ် ။

စက်ဘီး ဘီးကိုလည်းမနက်ဖြန် ကျောင်းပိတ်ရက်မှသာ ပြင်တော့ရန်စိတ်ကူးပြီး ဒီအတိုင်းသာ အိမ်ပြန်ခဲ့လိုက်တော့တယ် ။

Absolute LoveWhere stories live. Discover now