25

279 43 45
                                    

( Unicode )

အချိန်တွေ တရွေ့ရွေ့ကုန်တာ မြန်လိုက်ပုံများ သမီးလေးတောင် တစ်နှစ်ပြည့်ပြီဖြစ်လေတယ် ။ သို့သော်လည်း ယွန်းဂီ အခုထိ မယုံကြည်နိုင်သေးပေ ။ သမီးဟာ သူ မမေ့တစ်နေ့ကမှမွေးထုတ်ထားတဲ့ နီတာရဲလေးလို့သာ ထင်မိနေတုန်းပင် ။

ဒါပေမယ့်လည်း သမီးဟာ လမ်းတောင်လျှောက်နေပြီဖြစ်သလို စကားတွေလည်း တစ်လုံးစ နှစ်လုံးစပြောတတ်နေပြီဖြစ်လေတယ် ။

" ပေပေ...."

" ပြောလေ သမီးလေးရဲ့...."

ဧည့်ခန်းထဲမှာ လျှောက်သွားရင်း ဆော့နေတဲ့သမီးဟာ ယွန်းဂီအနားရောက်လာပြီး ဖေဖေလို့ခေါ်လိုက်တော့ အတွေးတွေရပ်တန့်သွားရလေတယ် ။

" မုန့်မုန့်...."

" သမီးလေးက မုန့်စားချင်လို့လား..."

သူ့ရဲ့မုန့်ထုပ်လေးကို လက်ညှိုးထိုးပြကာ ပူဆာနေတဲ့ သမီးရဲ့ပါးလေးကိုနမ်းလိုက်ပြီးနောက် မုန့်တစ်ခုထုပ်ကျွေးလိုက်လေတယ် ။

" ဘာလို့ ဒီလောက် မြန်မြန် အရွယ်ရောက်လာရတာလည်း သမီးလေးရယ်... ဖြေးဖြေးချင်းကြီးလာပါလား...."

မုန့်စားနေသည့်သမီးက ယွန်းဂီပြောတာကို နားလည်သည့်ပုံဖြင့် ပြုံးပြနေလေတယ် ။
မနက်ဖြန်ဆို သမီးက တစ်နှစ်ပြည့်ပြီဖြစ်လေတယ် ။ ဒါကြောင့် သူတို့မိဘတွေနှင့်အတူ ညစာစားကြရန် စီစဉ်ထားကြတယ်လေ ။

" ပေပေ...."

စားလက်စမုန့်ကုန်သွားတော့ သမီးက နောက်တစ်ခုထပ်ရရန် မုန့်ထုပ်ကို လက်ညှိုးထိုးပြနေပြန်လေတယ် ။

" တော်ပြီလေ သမီးလေးရဲ့ ဒယ်ဒီပြန်လာရင် ညစာစားကြရတော့မှာလေ..."

ယွန်းဂီ မုန့်ထပ်မပေးမှန်းသိတော့ သမီးရဲ့နှုတ်ခမ်းကစူလာလေတယ် ။

" စိတ်မကောက်ရဘူးနော် စိတ်ကောက်ရင်
ဒယ်ဒီပြန်လာရင် မချီပဲနေလိမ့်မယ်...."

သူ့ဒယ်ဒီကိုသိပ်ချစ်တဲ့သမီးက ယွန်းဂီ ထိုသို့ပြောလိုက်ရုံနဲ့တင် နှုတ်ခမ်းကိုစူနေရာကနေ ချက်ချင်းရယ်ပြလေတယ် ။

Absolute LoveWhere stories live. Discover now