အခန်း ၃၀

7.7K 902 134
                                    

Unicode

အစ်ကိုနက္ခတ်ကို ထိုင်စောင့်နေဖို့ကအချိန်တွေနှေးလွန်းသည်ကြောင့် အိမ်ကနေ ဝန်းရံခခပ်သွက်သွက်ထွက်လာခဲ့လိုက်သည်။ အခြေအနေကြည့်ဖို့ရောက်လာကြသည့် အိမ်နီးချင်းတွေဆီ သတိလည်နေပြီဖြစ်သည့် မေမေ့ကိုခဏအပ်ပြီး အိမ်ဘေးကစက်ဘီးလေးကိုယူကာ ခပ်သွက်သွက်နင်းလာခဲ့သည့်ခြေလှမ်းတို့က ‌‌မျှော်လင့်ချက်တို့ အပြည့်နှင့် ဖြစ်သည်။ မိနစ်အနည်းငယ်ကြာအောင် အလောတကြီး စက်ဘီးကိုမောင်းနှင်နေသည့် ၀န်းရံခက လက်ကိုင်ကိုဆုပ်ကိုင်ထားသည့် လက်ဖဝါးတို့သည်ချွေးတို့အနည်းငယ်စို့နေ၏ မိုးဖြိုက်ဖြိုက်ရွာထားသည်ကြောင့် စိုစိပြီး ပျော့နေသည့်မြေသားတွေက ဝန်းရံခကိုခရီးသိပ်မပေါက်စေ။ လမ်းချိုးတစ်ခုကိုကွေ့လိုက်မိချိန်တွင် မြင်ကွင်းတစ်ခုကြောင့် ဝန်းရံခ ​စက်ဘီးကိုအလောတကြီး ဘရိတ်ဆွဲညှစ်လိုက်မိသည်။

*မဖြစ်နိုင်လိုက်တာ*

ခပ်တိုးတိုးထွက်လာသည့် အာမေဋိတ်သံသည် အနည်းငယ်တုန်ရီနေပြီးမယုံကြည်နိုင်ခြင်းတို့ကိန်းဝပ်နေ၏

မြင်လိုက်ရသည့်မြင်ကွင်းက ဝန်းရံခအတွက် ကာရံထားသည့် တံတိုင်းကြီး ပြိုလဲသွားသည့် မြင်ကွင်းမျိုး။ ဆယ်စုနှစ်တစ်ခုကျာ်ကြာသည်တိုင် အိမ်မက်ဆိုးတွေကိုဖြစ်ပေါ်စေသည့်မြင်ကွင်းမျိုး။ ရင်ဘတ်ထဲ နှုတ်မရသည့် ဆူးတစ်ချောင်းအနေနဲ့နှစ်၀င်နေစေသည့်မြင်ကွင်းမျိုး။

ဦးနှောက်ထဲ ဗလာကျင်းသွားသည်။ ရင်ဘတ်ထဲက အပူမီးက တဟုန်းဟုန်းစတင်တောက်လောင်တော့ ပါးတစ်ဖက်ပေါ်မျက်ရည်စက်က ပေါက်ခနဲ။

ဆုံးရှုံးရခြင်းတွင် အစားထိုးမရသောဆုံးရှုံးရခြင်းတွေကလူတိုင်းကြုံကြိုက်ရမည့်အရာတွေဆိုပေမယ့် နဖူးတွေ့ဒူးတွေ့ကြုံတွေရလေတော့ ဝန်းရံခခံနိုင်ရည်မဲ့ပါသည်။ တစ်သက်တာ ပြုလုပ်ခဲ့သည့် ကောင်းမှုကုသိုလ်တွေကို တိုင်တည်ကာ လမ်းတစ်လျှောက်အထပ်ထပ် ဆုတောင်းခဲ့ပေမယ့် တောင်းဆုတို့သည် လျစ်လျူရှုခံလိုက်ရ၏

"အ....အစ်ကို"

ခပ်တိုးတိုးခေါ်လိုက်မိသည့်နာမ်စားသည်လည်ချောင်းဝတွင် တိမ်၀င်ပျောက်ကွယ်၏ စက်ဘီးကိုတွန်းချကာ မြေပေါ်ဆင်းမိတော့ ခြေလှမ်းတို့ရှေ့ဆက်မတိုးနိုင်စွာ နေရာတွင်ပင်၀န်းရံခ ခေါက်ခနဲခွေကျသည်။ အခုမှ ထပ်ကျလာသည့် တဖျောက်ဖျောက်မိုးကြောင့် မြေပြင်တွင်ဖြစ်ပေါ်နေသည့်မိုးရေစီးကြောင်းတို့က အစ်ကိုဖြစ်သူ ဗိုက်မှ စိမ့်ထွက်လာသည့် သွေးစီးကြောင်းတို့ကို ဝန်းရံခဆီဆိုက်ဆိုက်မြိုက်မြိုက်သယ်ဆောင်လာပေး၏

Smile Sparkle ShineWhere stories live. Discover now