အခန်း ၁၆

9.7K 853 40
                                    

Unicode

"ဗျာ...Noon .... Noon  က သတင်းပေး........."

ကိုကျော်စွာ အပြောကို သျှားက မျက်လုံးအပြူးသား နားထောင်မိသည်။ ကြားရသည်က ကိုယ့်နားပင်ကိုယ်မယုံချင်။ ဒီလောကမှာ ကိုယ့်ဒူးကိုယ်တောင် ယုံဖို့ ခက်သည်ကို သိပေမယ့် Noon ကိုတော့ သူတကယ်မထင်မိပါ။ ဒီလောက်နုနုနယ်နယ်မိန်းကလေးက........

"သူက ခြိမ်းခြောက်အကြပ်ကိုင်ခံရလို့ သျှား....အခုကောင်မလေးက မင်းထင်လက်ကလွတ်သွားတယ်။ သူ့အဖေလည်း အသတ်ခံလိုက်ရတယ်။ ထက်မြတ်တဲ့မိန်းကလေးဆိုတာသိပေမယ့် တစ်ယောက်တည်းကျင်လည်ဖို့အတွက် ဒီလောကက ကြမ်းတမ်းလွန်းတယ်"

"ကျစ်............မင်း လူမိုက်မလုပ်ဘဲ တရားဟောဆရာ လုပ်ပါလားကျော်စွာ"

ဆေးလိပ်တစ်လိပ်လက်ကြားညှပ်ကာ တံခါးမှ ဝင်လာသည့် ကိုမင်းထင်က ကျစ်တစ်ချက်စုတ်သပ်ကာ စိတ်ပျက်လက်ပျက်ပြော၏ ကိုမင်းထင်ကိုမြင်တော့ ကိုကျော်စွာ မျက်ဝန်းတို့က ရုတ်ချည်း အေးစက်သွားသည်ကို သျှားသတိထားမိသည်။

ကိုမင်းထင်က မျက်ခုံးတစ်ဖက်ပင့်ကာ ကိုကျော်စွာကို စိုက်ကြည့်လာ၏ နှစ်ယောက်ကြားအကြည့်တို့က လျှပ်စီးတို့တစ်ဖြတ်ဖြတ်လွှတ်နေသည် ထင်ရသည်ကြောင့် သျှားက ဆက်ထိုင်နေရမလို ထရမလိုနှင့်။

လေထုသည်ရုတ်တရတ်အေးစိမ့်လာသည်။  အရင်က ဦးမာန်၏ အားအကိုးရဆုံးလက်ရုံးနှစ်ယောက်ဖြစ်သည့် သူတို့သည် စကားနည်းပြီး အလုပ်ကိစ္စမှ လွဲကျန်တာကို ဘာမှ အပြောအဆိုသိပ်မရှိကြသည်ကို သိပေမယ့် ယခုအခြေအနေက တင်းမာသည့် ဘက်သို့ပင်ရောက်နေခဲ့ပြီဖြစ်သည်။

"မင်းကို ခေါင်းဆောင်ခေါ်နေတယ်သျှား"

"ဟုတ်......ကိုမင်းထင်"

သျှားကိုမကြည့်ဘဲ ပြောလာသည့်ကိုမင်းထင်ကြောင့် ကိုကျော်စွာရုံးခန်းမှ သျှား ခပ်သုတ်သုတ်ထွက်လာလိုက်သည်။ အတွေးတချို့က ခေါင်းထဲဟိုတစ်စ ဒီတစ်စ။ ဖြစ်ပျက်သွားသည့် အကြောင်းအရာတို့ကို ကိုမင်းထင်က တော့သူ့ပုံစံအတိုင်းဘာမှ ရှည်ရှည်ဝေးဝေးရှင်းပြမှာ မဟုတ်ပေမယ့် ကိုကျော်စွာက တော့ သျှားကို သေချာရှင်းပြခဲ့သည်။

Smile Sparkle ShineOnde histórias criam vida. Descubra agora