အခန်း ၃၂

9K 999 138
                                    

Unicode

ဂိုဒေါင် ၁ တည်ရှိရာနေရာတွင် အခြေအနေသည် လွန်ခဲ့သည့် မိနစ်အနည်းငယ်နဲ့ကွဲပြားစွာ ပုံမှန်ထက်ပိုတိတ်ဆိတ်၏ ခေါင်းဆောင်ကိုယ်တိုင်ရောက်လာသည်ဟူသည့် အခြေအနေတွင် တပ်သားတို့ သတိစွဲထား၏

အသက်ရှူသံတို့ ခပ်ပြင်းပြင်းထွက်နေသည့် သျှားကလည်ပင်းကြောများပင်ထောင်တက်လောက်အောင် အံကြိတ်ရင်း မောင်းခလုတ်ကို မဆွဲမိဖို့ တင်းခံရသည်။ သျှားကိုတစ်ခွန်းသာနာမည်ခေါ်၍ ဘာမှဆက်မပြောဘဲ စိုက်ကြည့်နေသည့် ဦးမာန်က မည်သည့် လှုပ်ရှားမှုမှမလုပ်။

ရှေ့မှကောင်ကို ဒေါသတကြီးတစ်ချက်ကြည့်လိုက်ပြီး ထိုးချိန်ထားသည့် သေနတ်ကို ခပ်ဖြည်းဖြည်းချ၍ ခါးတွင်ပြန်ထည့်လိုက်သည်။ ခြေလှမ်းကို နောက်ပြန်ဆုတ်၍ ဦးမာန်ဘက်လှည့်ကာ လက်တွေကို အနောက်တွင်ယှက်၍ရပ်ရဿည်။ ဘယ်လောက်ပဲ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်သည့် အခြေအနေရောက်နေပါစေ ဦးမာန်အမိန့်တွေကတော့ သျှားအပေါ် ရာနှုန်းပြည့်သက်ရောက်သည်။ 

"ဘာဖြစ်တယ်ဆိုတာကို မင်းကိုယ်တိုင်ပြော သျှားဟန်"

"ဒီကောင်.....ဦးမာန်ကို အန္တရာယ်ပေးဖို့ ကြံစည်နေတယ်"

ဒေါသသံတို့ကို ထိန်းကာပြောရသည့် စကားသံက အနည်းငယ်တုန်ရီနေ၏ မျက်ခုံးတန်းသည် အနည်းငယ်တွန့်ချိုးထားမိ၏ ဖြစ်နိုင်ရင် ဒီကောင့်ကို ဒီနေရာမှာတင် ကျည်တစ်တောင့်ပစ်သွင်းလိုက်ချင်ခဲ့တာ။

"သက်သေ"

ဦးမာန်စကားက ပြတ်သည်။ သို့သော် ‌ဒေါသသံ၊ အလို မကျသံတို့မပါ။ သက်သေ.....

သျှားတစ်ချက်စဥ်းစားရသည်။ သူတစ်ယောက်တည်း သေသေချာချာကြားလိုက်သည့်ကိစ္စ။

သက်သေမရှိဘူးလားဆိုရှိပါသည်။ သို့သော် သောမက်စ်နာမည်ကို ဒီနေရာမှာ ထုတ်ပြောလို့မရ။ သတိဆွဲကာရပ်နေကြသည့် ဂိုဒေါင်အစောင့်တပ်သားတွေကို သျှားတစ်ချက်ဝေ့ကြည့်လိုက်သည်။

"တစ်ယောက်ထွက်ပြေးသွားပါတယ် ဦးမာန်"

ဦးမာန်က ခေါင်းအနည်းငယ်စောင်းလှည့်ကာ အနောက်မှ ကိုမင်းထင်ကို ကြည့်၏ ဦးမာန်အပြုအမူကိုသဘောပေါက်သည်ကြောင့် တစ်ချက်ဦးညွတ်ပြီး နောက်လိုက် နှစ်ယောက်ခေါ်၍ကိုမင်းထင်ထွက်သွားတော့ သျှားက ဦးမာန်ကို ခပ်ဖြည်းဖြည်းမော့ကြည့်မိသည်။ ဒေါသကြောင့် စူးရဲနေသည့် သျှား၏ မျက်လုံးတို့ကို ကျိုးနွံမှုအဖြစ်ပြောင်းလဲလိုက်ပေမယ့် သူ့ စိုက်ကြည့်နေသည့် ဦးမာန်က မျက်ခုံးတစ်ချက်ပင့်သွားသည်။ ထို့နောက် အနောက်မှ ကောင်ကိုတစ်ချက်ကြည့်ပြီး.....

Smile Sparkle ShineWhere stories live. Discover now