Chapter 87

2K 305 9
                                    

Chapter 87

ရှန်းလျိုရှန့် ပြုံးလိုက်မိပြီး တစ်ဖက်သို့ ပြန်လှည့်လိုက်သောအခါ ချောမောခံ့ညားသည့်မျက်နှာလေးက သူနှင့် တဖြည်းဖြည်းပိုမိုနီးကပ်လာသည်ကို တွေ့လိုက်ရသည်။ သူ့ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားမိသော်လည်း ကျိုးရွှမ်လန်၏ဆံစများက သူ့ပါးပြင်နှင့် ပွတ်တိုက်မိသွားချိန်မှ စိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်သည်။

ကျိုးရွှမ်လန်က မတ်မတ်မရပ်နိုင်သောကြောင့် သူ့ကိုယ်ပေါ်မှီနေခြင်းဖြစ်သည်။

ရှန်းလျိုရှန့် သူ့ကိုထိန်းထားလိုက်ပြီး စကားပြောတော့မည့်အချိန်တွင် သူ့နားရွက်ဖျားမှ ပူနွေးသွားသည်ကို ခံစားလိုက်ရသည်။

သူ့တစ်ကိုယ်လုံး တောင့်တင်းအေးခဲသွားပြီး မျက်လုံးအပြူးသားဖြစ်လာသည်။

ကျိုးရွှမ်လန်၏အကြည့်က ဖြူဖွေးနူးညံ့သော နားရွက်လေးထံရောက်သွားပြီး နှုတ်ခမ်းပါးများ ဖွင့်ဟကာ မဝံ့မရဲဖြင့် နားရွက်ကိုလျက်လိုက်သည်။ သူ့ရင်ခွင်ထဲမှ ခန္ဓာကိုယ်လေးက အနည်းငယ်တုန်ယင်သွားသည်ကို သတိပြုမိလိုက်၍ သူ့မျက်ဆံများပါ မည်းနက်လာတော့သည်။

သူက ကျီစယ်သည့်အနေဖြင့် နောက်တစ်ကြိမ် လျက်လိုက်မိသည်။

ဖြူဖွေးနူးညံ့သည့် အသားရည်လေးက မျက်စိတစ်မှိတ်အတွင်းမှာပင် သွေးများစီးကျလုမတတ် နီရဲတွတ်သွားသည်ကိုတွေ့သောအခါ သူ့စိတ်ထဲ အလွန်ဆွဲဆောင်မှုရှိသည်ဟု ထင်လိုက်မိသည်။

ကျိုးရွှမ်လန် အသက်ပြင်းပြင်းရှုထုတ်လိုက်ပြီး ရှေ့ဆက်တိုးတော့မည့်အချိန်တွင် သူ့ခေါင်းကိုဖိထားပြီး အညှာအတာမဲ့စွာဖြင့် တွန်းထုတ်ခံလိုက်ရသည်။

သူ မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကိုနှောင့်ယှက်လိုက်သူကို မကျေမနပ်ဖြင့်ကြည့်လိုက်သည်။  တစ်ဖက်လူက မျက်လုံးများအနည်းငယ်မှေးကျဉ်းထားပြီး ချောမောလှပသည့်မျက်နှာလေးက အေးတိအေးစက်ဖြစ်နေ၍ သူ့အော်ရာများ အနည်းငယ်အားနည်းသွားရသည်။

" လက်ကို မလျက်နဲ့ဆို..."

ရှန်းလျိုရှန့်၏နားရွက်က ပူနွေးသွားပြီး ထိုစကားများကိုကြားချိန်၌ ဒေါသတကြီး ရယ်လိုက်မိသည်။

ပန်းလေးလိုလှတဲ့ ဗီလိန်ရှစ်စွမ်းWhere stories live. Discover now