<It's just fan fiction>!
၁၆နှစ်မှာ စတွေ့ခဲ့တဲ့ ရေစက်လှလှလေးကို
ဂယူဗင်းက မြတ်နိုးပါသည်။
ဘယ်လောက်မြတ်နိုးသလဲဆို အဲသူငယ်ချင်းနဲ့
ပတ်သက်ရင် ဂယူဗင်းသည် ခံစားချက်တွေကို
ဖုံးကွယ်ထားနိုင်ခြင်းမရှိသလောက်ပဲ။
မျက်လွှာချသွားရင် မနေတတ်သလို
ပြာနေတတ်ပေမဲ့ မျက်လွှာတွေကို
ပိတ်ထားသည့် သူငယ်ချင်းလေး
အိပ်နေတာကိုတော့ ငေးကြည့်ရတာ
သဘောကျသည်။လက်ချောင်းသွယ်သွယ်လေးတွေက
လျှောကျနေသည့် စောင်ကို လှမ်းဆွဲလိုက်တဲ့အချိန်မှာ ဂယူဗင်းသည် ထပြီး လေအေးပေးစက်ကို
လျှော့ဖို့ မတွန့်ဆုတ်ခဲ့။ အရောင်ပြောင်းချင်နေသည့် ဆက်ဆံရေးတွေကို သူသည် သူငယ်ချင်းဆိုတဲ့ ဖြူစင်သည့် သံယောဇဥ်အောက်မှာ ထားထားသည်။ ဒါကလည်း သူငယ်ချင်းလေးကို အဆုံးရှုံးမခံနိုင်လို့။မျက်ခွံလေးတွေ လှုပ်သွားသည့် အချိန်မှာ
ဂယူဗင်းသည် တွန့်ကနဲ။"မင်း မအိပ်ဘဲ ဘာထိုင်လုပ်နေတာလဲ"
အမှောင်ထဲမှာ အရိပ်မည်းမည်းကိုမြင်တော့
ရစ်ခီစိတ်ထဲ ထိတ်ပြာသွားရသည်။နောက်မှ
သတိရသည်က ဂယူဗင်းပဲ ဖြစ်မည်။" အိပ်မပျော်လို့"
ဂယူဗင်း အသံသည် အက်ကွဲနေပုံရသည်။
ရစ်ခီသည် အလိုမကျသလို ထထိုင်မိသည်လား။"အိပ်လေ ဘာလို့ ထထိုင်နေတာလဲ
ငါ ခဏနေအိပ်တော့မှာ""ထားလိုက်ပါ ငါလည်း နိုးသွားပြီပဲ"
ရစ်ခီ ငူငူငိုင်ငိုင်နဲ့ ထိုင်နေတာကို ဂယူဗင်းက
ကြည့်နေလိုက်သည်။"မီးသွားဖွင့်ပေးမယ် "
"ဂယူ ငါတို့ ဘီယာသောက်ကြမလား"
ဂယူဗင်းသည် အမှောင်ထဲကနေ ခေါင်းခါသည်။
"မနက်ကျရင် schedule ရှိသေးတယ်လေ
ငါတို့ ဆူခံရလိမ့်မယ်"ဂယူဗင်းသည် သူ ဆူခံရတာကို သိပ်မကြောက်၊
သို့သော် ရစ်ခီ အတွက် စိတ်ပူပါသည်။ရစ်ခီကို
ဒီကလူတွေက သိပ်အလေးမပေးချင်သည့်ပုံစံ၊
ပြီးတော့ သူများက ရစ်ခီကို ဆူဆောင့်နေတာကို
ကြည့်နေရလောက်တဲ့အထိလည်း
သူသည် စိတ်ဓါတ်မမာ။ ရစ်ခီသည်
သူ့အကျင့်အရ ပေပြီးနားထောင်နေရင်တောင်
ဂယူဗင်းက ရင်ထဲကူလောင်ပြီး
မျက်ရည်ဝဲနေရဦးမည်။ဒါဆို ရစ်ခီသည်
ပိုပြီး စိတ်မကောင်းဖြစ်မည်။
