"လူနာခင်ဗျ ဒါကိုမြင်ရလား"
မျက်လုံးထဲစူးကနဲ၀င်လာသည့် မီးအလင်းရောင်ကြောင့် မျက်လုံးတွေကို ပြန်မှိတ်ချလိုက်သည်။
သေပြီ လို့ ထင်နေတာကို မသေသေးဘူးဆိုတော့ တော်သေးတယ်ပြောရမလား။ မိန်းမတွေ ပါးစပ်ကိုကြောက်လွန်းလို့ ရစ်ခီ အဲမိန်းမနဲ့ ပတ်သက်ခဲ့မိတာကို နောင်တတောင်ရချင်သွားသည်။ဘေးက အသံဆူဆူတွေကို ကြားနေရပေမဲ့
မျက်လုံးတွေက လေးပင်လာလို့ အတင်းဖွင့်ဖို့
မကြိုးစားတော့။ သူ အသက်ရှင်နေတာပဲကို
တစ်ရေးလောက်အိပ်လိုက်လဲ
အဆင်ပြေတယ်လို့ထင်သည်။လက်ခုံက ယားကျိကျိအထိအတွေ့ကို ဖယ်ဖို့
လုပ်လိုက်တော့ ဘယ်ကမှန်းမသိသည့်
လက်က သူ့လက်ကို အတင်းဆုပ်ကိုင်ထားသည်။ အိပ်ရေးမ၀သည့်အနေအထားမှာ အခုလို
တားဆီးခံလိုက်ရတာက ရစ်ခီကို
စိတ်အနှောင့်ယှက်ဖြစ်သွားစေသည်။"စစ်ဆေးချက်တွေအရတော့ အစ်ကိုလေး
ချွမ်းရွေ့က အကုန်အဆင်ပြေပါတယ် ဒဏ်ရာကိုလည်း အမာရွတ်မကျန်အောင် တတ်နိုင်သလောက်လုပ်ပေးထားပါတယ် "ဘေးကနေ ခါးကျိုးမတတ်
လူငယ်လေးတစ်ယောက်ကို တရိုတသေပြောနေ
သည့် ဆရာ၀န်ကြီးက သူနိုးလာတာကို သတိမပြု
မိသည့်ပုံ။ အဲတာတွေကထက် သူ့လက်ကို
ဆုပ်ကိုင်ထားသည့် လက်ပိုင်ရှင်ကိုကြည့်လိုက်တော့
ဘယ်သူမှန်းမသိ။ မြင့်မားသည့် ခန္ဓာကိုယ်အနေ
အထားက ထိုလူမျက်နှာကို ခန့်မှန်းရခက်စေသည်။ရစ်ခီသည် လက်ကိုဖယ်ချလိုက်တော့မှ ထိုလူသည် သူ့ကို အကြည့်တစ်ချက်ပေးလာသည်။ဆရာ၀န်ကြီးကလည်း အခုမှ သူနိုးလာတာကို မြင်သွားပုံရသည်။
ဆေးကုဖို့ထက် သူများကို ဖားနေသည့် ဆရာ၀န်ကို
ရစ်ခီ မသိမသာ နှာခေါင်းရှုံ့ပစ်လိုက်သည်။"လူနာ အဆင်ပြေရဲ့လား နေလို့မကောင်းတဲ့နေရာရောရှိလား"
မေးနေသည့် ဆရာ၀န်ကို အသာထား အနောက်ကနေ အကြည့်စူးစူးနဲ့ အကဲခတ်နေသည့် လူဆီမှသာ
ရစ်ခီ အာရုံတွေကအပြည့်။ စိတ်မရှည်သလို
လက်မှာပတ်ထားသည့် နာရီပေါ်အကြည့်တစ်ချက်ပေးပြီး ရစ်ခီကို ပြန်ကြည့်လာသည်။
"လူနာ "