Obsession

1.2K 97 39
                                        

<It's just fan fiction>!

လက်လှမ်းမှီသည့် ဘူးထဲက ​ဆေးလိပ်တစ်လိပ်ကို ပါးစပ်နား​တေ့ကာ မီးမြှိုက်လိုက်သည်။
ခပ်ပြင်းပြင်းရနံ့က အ​ကြော​တွေထဲထိ စီးဆင်းသွားသလို ခံစားချက်။

​ဘေစင်​ပေါ်မှာတင်ထားသည့် မုတ်ဆိတ်ရိတ်တံထဲက ဓါးပါး​လေးကို ဆွဲယူကာ လက်​ကောက်၀တ်ကို
ခြစ်ချ​တော့ ​ပူ​နွေး​​နွေးအရည်​တွေက တစ်စက်ချင်း။ ပထမဆုံးအ​တွေ့အကြုံလည်းမဟုတ်​​တော့
ဒဏ်ရာအတိမ်အနက်က အန္တရာယ်ရှိသည့်
အဆင့်မ​ရောက်မှန်း သိသည်။

မှန်ထဲမှာ မြင်လိုက်ရသည့် ပုံရိပ်က လူတစ်​ယောက်လို့တောင် မဆိုနိုင်။ ​ မျက်တွင်း​ဟောက်ပက်
ဖြစ်​နေတာကို ​မသိသာ​စေဖို့ မျက်နှာသစ်လိုက်သည်။ သို့​သော် ဒီပုံက ဒီပုံအတိုင်း။ နဂိုထက်ပို
ချိုင့်၀င်​နေ သည့် ပါး​နေရာကို ​ဖောင်းသွား​အောင်
လုပ်​တော့လည်း အရင်လို ပြည့်ပြည့်​လေးဖြစ်မလာ။ခြောက်ကပ်​နေသည့် နှုတ်ခမ်းသား​တွေကို
စိုသွား​အောင် လျှာနဲ့ သပ်လိုက်​ပေမဲ့
အာ​ခေါင်​ခြောက်သွားတာပဲအဖတ်တင်သည်။
ကြုံရာမရသည့်အဆုံး ဓါးပါး​လေးနဲ့ နှုတ်ခမ်းသား​တွေကို ခြစ်ချ​ပစ်သည်။ခပ်ရဲရဲ​သွေး​တွေသည်
သူ့နှုတ်ခမ်းသား​တွေကို နီရဲရဲခပ်စိုစို​လေးဖြစ်​စေသည်။

သို့​သော်ရုပ်ထွက်မလှသည့် ပုံရိပ်ဖြစ်​နေ​တော့ ​
လက်​ကောက်၀တ်ကိုသာ ဓါတ်ပုံရိုက်ပြီး
ပို့​​ပေးလိုက်သည်။ ဒီပုံမြင်ရင် သူ့ဆီလာလိမ့်မည်။
သူ​သေသွားမှာ​ကြောက်သည့်အတွက် သူဆီကို ဘယ်လိုအ​ခြေအ​နေမျိုးမဆို ပစ်ပြီးလာလိမ့်မည်။ ​ဆရာ၀န်တစ်​ယောက် တာ၀န်​တွေကို ပစ်ပြီး၊သတို့သားတစ်​ယောက်ထမ်း​ဆောင်ရမည့်
၀တ္တရား​တွေကို လျစ်လျူရှုပြီး...အားလုံး​ပြော​နေကျ မင်းနဲ့ သူက မတန်ဘူး ဆိုသည့် စကား​တွေက
မမှန်​ကြောင်းကို သူဆီလာပြီး သက်​​သေပြလိမ့်မည်။သူလုပ်ရမှာက ဂယူဗင်း အ​ကြောင်း​တွေးပြီး
ဒီမှာငြိမ်ငြိမ်​လေးထိုင်​စောင့်ရုံ​နေဖြစ်သည်။

လက်ကျန်အိတ်ထဲက အမှုန့်တွေကို စား​ပွဲ​ပေါ်
ဖြန့်ကာ ရှုသွင်း​တော့ အာရုံ​ကြော​တွေကို ပွင့်သွားပြီးလန်းဆန်းလာ​စေသည်။ခန္ဓာကိုယ်ထက်ရှိ
ဒဏ်ရာ​တွေက နာကျင်မှု​ပျောက်သွားပြီး
ဂယူဗင်းက သူ​​ဘေးမှာရှိ​နေသလို ခံစားလိုက်ရသည်။​ပျော်ရွှင်​နေသည့်စိတ်​လေးကိုထိန်းမရလို့
လက်သည်းစ​တွေကို ကိုက်ပစ်၏။​သွေးဆို့​နေသည့် လက်ထိပ်​လေး​တွေကို ​ကြည့်​နေရင်း ဒီထက်ပို
ခပ်ပြင်းပြင်းကိုက်ချပစ်ပြီး မျက်လုံးမှိတ်ကာ ခံစားသည်။ နည်းနည်း​လေးကြာရင် ဂယူဗင်းက...
.
.
"​​ရောက်ရင် ဖုန်းဆက်လို့​ပြောထားတယ်​လေ
အပြင်မှာရပ်​​စောင့်မ​နေနဲ့"

his GYU,my RICKWhere stories live. Discover now