DAY LIGHT

1.2K 105 52
                                        

လေပူ​တွေကို မှုတ်ထုတ်ပြီး အချိန်ခဏကြာတဲ့
အထိ ရပ်ကြည့်​နေ​ပေမဲ့ ဒီ​နေရာကလည်း ရစ်ခီအတွက်​တော့ ​နွေး​ထွေးမှုဆိုတာကို မ​ပေးနိုင်တာ​သေချာသည်။

​​​အလင်း​ရောင်​ကောင်း​ကောင်း၀င်​ပေမဲ့ ​ခပ်သင်းသင်းရ​နေသည့် လတ်ဆတ်တဲ့ရနံ့ကို ရစ်ခီမကြိုက်။ အသစ်​ပြောင်းလာတဲ့ တိုက်ခန်း​ပေမဲ့
အကြာကြီးမ​နေဖြစ်မှာကို​​တော့ ရစ်ခီ သိသည်။
သူဟာ ဘယ်တုန်းကမှ သံ​ယောဇဥ်တွယ်ရမှာ​တွေကို မကြိုက်ခဲ့ဘူး မလား။ ရစ်ခီဟာ
ကျန်​နေခဲ့ရမှာကို​ကြောက်လို့ အရာအားလုံးကို
အရင်ချန်ပစ်ခဲ့သူ။ ဘယ်သူကမှ သူ့ကို မဆွဲထားခဲ့သလို၊ ဘယ်အရာကိုမှလည်း ဆွဲထားခွင့်မပြုခဲ့။

သစ်သားတံခါးကို ဖွင့်လိုက်​တော့ ကြုံသလိုချထားတဲ့ ပစ္စည်း​တွေက ဧည့်ခန်းထဲ ပြန့်ကြဲစွာ။
တစ်​ယောက်တည်း​နေဖို့ သင့်​တော်တဲ့ အခန်း​လေးဆို​ပေမဲ့ ဒီလိုပစ္စည်း​တွေ​နေရာမချထားခင်မှာ​တော့
ကျဥ်း​နေသ​ယောင်​ယောင်။

နည်းနည်း​လေး အသက်ရှု​ချောင်သွားဖို့
​မျှော်လင့်ရင်း။ ရစ်ခီသည် မသိစိတ်က
လိုက်ကာစကို ဆွဲဖွင့်မိသည်။

ပစ္စည်း​တွေလို့ဆိုရ​အောင်လည်း
သိပ်ပြီးများများစားစားမရှိ။ ပန်းချီပစ္စည်း​တွေကို အဆင်​ပြေ​လောက်မယ့်​နေရာမှာ ထားပြီး
ဘယ်​လောက်မှမရှိသည့် အ၀တ်အစား​တွေကို အိပ်ခန်းထဲက  အသင့်ရှိသည့် ဗီရိုထဲပဲ
ကြုံသလိုထည့်လိုက်သည်။ အရင်အိမ်ငှားက
သန့်ရှင်း​ရေး​သေချာလုပ်​ပေးသွားသည်လား​တော့
မ​ပြောတတ် ဖုန်​တွေ တစ်စက်မှမရှိ။
စိတ်ထဲ အထူးတလည်​ ကျေးဇူးတင်မိတာမျိုး​တော့
မဖြစ်မိ။အချိန်​တွေကုန်​အောင် ဧည့်ခန်းထဲမှာ
ခဏ​လောက်ထိုင်​နေမိသည်။ပြတင်း​ပေါက်အပြင်က​နေ လှမ်းမြင်​နေရသည့် လူ​တွေလှုပ်ရှားသွားလာပုံကိုကြည့်ရင်း အချိန်​တွေဟာ တစ်စက္ကန့်က​နေ
တစ်မိနစ် တစ်နာရီ နှစ်နာရီ။ ​အပြင်ဘက်မှာ ​
လူ​အသွားအလာက ကျဲသွားသည်။
ပတ်၀န်းကျင်ကလည်း တိတ်ဆိတ်လျက်။
ထိုအချိန်မှသာ ရစ်ခီသည် ထ သွားဖြစ်သည်။ ​
အလျဥ်းသင့်သလို အ​ပေါ်ထပ်အင်္ကျီတစ်ခုကို
ဆွဲ၀တ်ကာ ​နေ့လည်က ​တွေ့ခဲ့သည့်
လမ်းထိပ်က ၂၄နာရီဖွင့်သည့်
စတိုးကို သွားဖို့ ရည်ရွယ်လိုက်သည်။

his GYU,my RICKWhere stories live. Discover now