I'm not your daddy, rinini

748 99 108
                                    

ဒေါက်! ​ဒေါက်!

အဆက်မပြတ်​ခေါက်​နေသည့် တံခါးသံ​ကြောင့်
ဂယူဗင်းမှာ Live stream ထဲဘယ်လိုမှအာရုံမစိုက်နိုင်​တော့။​ဆော့လက်စပွဲကို မြန်မြန်လက်စသတ်ဖို့သာလုပ်ရသည်။

"ဘယ်ကမှန်းမသိတဲ့ကြွက်​ပေါက်​လေးက
​လာ​နှောင့်ယှက်​နေလို့ ဒီ​နေ့​​တော့ ဒီ​လောက်နဲ့ပဲ
နားလိုက်​တော့မယ် "

မျိုးစုံ တုံ့ပြန်ထားသည့်စာ​တွေကို သာမန်ကာလျှံကာဖတ်ပြီး တိုက်ရိုက်လွှင့်တာကိုပိတ်လိုက်သည်။
တပ်ထားသည့်နားကြပ်ကို ဆွဲချွတ်ကာ အနှီတံခါး​ခေါက်သံသည် ဘယ်ကလာသလဲ ဆိုတာ
ဂယူဗင်းကြည့်ရဦးမည်။

ဂယူဗင်းသိသ​လောက်ဆိုရင် သူတို့မျက်နှာချင်းဆိုင်အခန်းမှာ လူမ​နေတာကြာပြီ။တိုက်ကလူ​တွေကလည်း သူနဲ့သိပ်မသိတာမို့လို့ တံခါးကိုလာ​ခေါက်စရာမလို။ ​အေး​ဆေး game stream ချင်လို့
​အေးရာ​အေး​ကြောင်းရှိတဲ့​နေရာမှာ လာ​နေပါတယ်ဆိုမှ ဘယ်မ​အေးမချမ်း​ကောင်က
လာ​နှောင့်ယှက်​​နေလဲမသိ။
​​
​ဒေါက် ​ဒေါက်!

ဂယူဗင်းမှာ သည်းမခံနိုင်​တော့ဘဲ
တံခါးဆွဲဖွင့်လိုက်သည်။

"ဒယ်ဒီ ဒီအိမ်က လူမရှိဘူးလားမသိဘူး"

တရားခံသည် သူ့ကို ​ကျော​​ပေးကာ
တစ်ဖက်လူကိုဘာ​တွေတိုင်​နေမှန်းမသိ။

တံခါးဖွင့်သံကြားမှ သားအဖနှစ်​ယောက်လုံး
ဂယူဗင်းကို လှည့်ကြည့်လာသည်။

Wtf!

ဂယူဗင်းမှာ မြင်လိုက်ရသည့်
လူ​ကြောင့်အသက်ရှု​တောင်ရပ်မတတ်။ ​
ဆံပင်အနက်​တွေကိုသေချာပုံသွင်းထားပြီး
အကျအန၀တ်ထားသည့် တီရှပ်အဖြူက
ပခုံးအကျယ်ကို ​သေချာပြသထားသည်။
မြင်ဖြစ်​အောင် မြင်လိုက်ရသည့်
မျက်လုံး​အောက်နားက မှဲ့နက်​လေးကလည်း
ထိုလူမျက်နှာထက်မှာ ပနံသင့်စွာ။

Fuck! ​ယောကျာ်းတစ်​ယောက်က
ဒီ​လောက်​ချောဖို့မလိုဘူး​လေ။
အခုများ​တော့ လုံး၀ သူ့ အကြိုက်ပုံစံကြီး!
ဂယူဗင်းမှာ စိတ်မကြည်တာ​တောင် ဘယ်​ပျောက်သွားမှန်းမသိ။

"ဟုတ်ကဲ့ ဘာကိစ္စရှိလို့လဲမသိဘူးဗျ"

​ပြောင်တင်းပြီး စိုက်ကြည့်​နေလိုက်​တော့ တစ်ဖက်က အလိုမကျသလို မျက်​မှောင်နည်းနည်းကြုတ်သည်။ ဒီမျက်ခုံးနက်ကြီး​တွေကလည်း စွဲမက်ဖွယ်။

his GYU,my RICKWhere stories live. Discover now