"ဒီနေ့လည်း ရစ်ခီ ထပ်ပြီး ဖွင့်ပြောခံရတယ်"
ဂွန်းနုရဲ့ အပြောကြောင့် ဂယူဗင်းလက်ထဲက
ဘောပင်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်မိသည်။"ဘယ်လိုလဲ လက်ခံလိုက်လား"
ဘယ်သူဖွင့်ပြောတာလဲ၊ဘယ်ကောင်မလေးလဲ၊
ချောလား၊လှလား တွေဆိုတာထက် ဂယူဗင်းကတော့ ရစ်ခီ လက်ခံလိုက်လား၊ငြင်းလား ဆိုတာကို
ပိုစိတ်၀င်စားပါသည်။ အကြိမ်တိုင်းလည်း
ရစ်ခီ လက်ခံလိုက်မှာကို သူ ကြောက်သည်။" မင်းကောင်အကြောင်းလည်း သိရက်သားနဲ့
ဒီလောက်လှတာလေးတွေကို ငြင်းငြင်းနေတာ
ရူးနေလားမသိဘူး"ဂွန်းနုကတော့ အားမလို၊အားမရပြောပေမဲ့
ဂယူဗင်းကတော့ အခုမှ သက်ပြင်းချနိုင်သည်။
ဂွန်းနုပြောတာလည်း မှန်ပါသည်။ရစ်ခီကို
လာဖွင့်ပြောသမျှကောင်မလေးတိုင်းသည် ချောပေ့၊လှပေ့ဆိုတာတွေရဲ့အထက်နားလောက်ကျသည်။
ရစ်ခီ ကိုယ်တိုင်ကလည်း နို့နှစ်ခဲလေး၊လမ်းမှားပြီး လူပြည်ရောက်လာတဲ့ နတ်သားလေး၊အသက်၀င်နေတဲ့ ပန်းပုရုပ်ကလေးပဲဟာ။ ဒါပေမဲ့ အဲလို
နို့နှစ်ခဲ နတ်သား ပန်းပုရုပ်လေးစိတ်ကို
ဂယူဗင်းသည် ဘယ်တုန်းကမှ ခန့်မှန်းမရခဲ့။"ဂယူ"
လက်ထဲက အိတ်တွေကမနိုင်မနင်း။ ဂယူဗင်းမှာ
ကြည့်ဖို့မနေသာလို့ ထသယ်ပေးမယ်လုပ်တော့
ရစ်ခီက လက်တကာကာ။"ဂွန်းနု ကူပေးဦး မင်းအတွက် ယူလာတာတွေ"
ပစ္စည်းတွေကို ဂွန်းနုလက်ထဲ ထိုးထည့်ကာ သူကိုယ်တိုင်တော့ ဂွန်းနုဘေး (ဂယူဗင်း မျက်နှာချင်းဆိုင်) မှာ၀င်ထိုင်သည်။
"ပရောဂျက်ရှိပြန်ပြီလား"
ဂယူဗင်းအရှေ့က စာရွက်အပုံလိုက်ကိုကြည့်ပြီး
ဆိုလာသည်။"အေးရှိတယ် ဒီတစ်ပတ်အပြီးလုပ်ရမှာ"
"သြော်, ဂွန်းနု ရော့ ဘယ်ကမှန်းမသိဘူး
ချောကလတ်တွေရလာတာ ဘာနေ့ဆိုလား
မင်း စားဖို့ယူလာပေးတာ"
